ရန်ကုန်တိုင်းအတွင်း ၁၀ နေရာကို Lockdown လုပ်ထား
DVB
·
April 14, 2020
ရန်ကုန်တိုင်းအတွင်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ကန့်သတ်တဲ့ အနေနဲ့ ရောဂါပိုးတွေ့ရှိသူတွေနေထိုင်ရာနေရာ ၁၀ ခုကို အသွားအလာထိန်းချုပ်ကန့်သတ် Lockdown ပြုလုပ်ထားလိုက်ပါတယ်။
အဲဒီနေရာတွေကတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နဲ့ မြောက်ပိုင်း ခရိုင်ထဲက မရမ်းကုန်း၊ ဗဟန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပမြို့နယ်ထဲအတွင်းက နေရာတချို့ ပါဝင်ပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ သံသုမာလမ်းမပေါ်မှ ဇီဇဝါဥယျာဉ်အိမ်ရာ ခြံအမှတ် (၃၂) နဲ့ (၂၄)၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှ အမှတ် (မ/၂)နဲ့ (မ/၄)၊ မရမ်းကုန်း မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သီရိမင်္ဂလာလမ်းပေါ်မှ အမှတ် (၄/၁၉)၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်၊ ပုလဲကွန်ဒို(ဘီ)၊ အခန်း (၈၂) ခန်း တို့ပါဝင်ပါတယ်။
ဒါ့အပြင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်း၊ အမှတ် (၉၇) မှ ဗေသလနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ် ကွက်၊ ကျမ်းစာသင်ကျောင်းလမ်း၊ အမှတ် (၁၀၂၃)၊ အခန်း (၄-အေ)၊ အင်းစိန်မြို့နယ်၊ ရွာ မအရှေ့ရပ်ကွက်၊ သုမေတ္တာလမ်း၊ ခတ္တာလမ်းသွယ်၊ အမှတ် (၁၀၀၅)၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သာယာအေး (၂) လမ်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) ရပ် ကွက်၊ မိကျောင်းအိုင်ရွာ၊ ရတနာမိုးလမ်း၊ အမှတ် (၄၆)၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ် (၃၁၈) စတဲ့ နေရာတွေလည်း ပိတ်ထားတဲ့အထဲမှာ ပါဝင်ပါတယ်။
ကပ်ရောဂါအသွင်ဆောင်တဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ တကမ္ဘာလုံးအတိုင်းအ တာနဲ့ လတ်တလောအချိန်ထိ လူပေါင်း ၂ သန်းနီးပါးကို ကူးစက်ခံခဲ့ရပြီးဖြစ်ကာ တသိန်းကျော် သေ ဆုံးခဲ့ပြီ ဖြစ်တယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီး ဧပြီလ ၁၃ ရက်နေ့ညအထိ ကူးစက်ခံရသူ ပေါင်း ၆၂ ယောက်နဲ့ သေဆုံးသူ ၄ ယောက် ရှိပြီ ဖြစ်ပါတယ်။