မွန်ပြည်နယ်တွင် အခြေခံလူတန်းစားများအတွက် ဆပ်ပြာနှင့် Mask ၁ သိန်းစီဖြန့်ဝေမည်
DVB
·
April 14, 2020
မွန်ပြည်နယ်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေအတွက် ကာဘော်လစ်ဆပ်ပြာနဲ့ နှားခေါင်းစည်း Mask တစ်သိန်းစီ ဖြန့်ဝေပေးသွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောပါတယ်။
ဒီပစ္စည်းတွေကိုတော့ မွန်ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်က အခြေခံ လူတန်းစားတွေအတွက် ဖြန့်ဝေပေးသွားဖို့ စီစဉ်ထားပြီး ဒီပစ္စည်းတွေ ဖြန့်ဝေရာမှာလည်း လူစုလူဝေးတွေ မဖြစ်အောင် စနစ်တကျ လုပ်ဆောင်သွားဖို့ ညွှန်ကြားထားတာပါ။
လက်ရှိမှာတော့ COVID- 19 ရောဂါနဲ့ ပတ်သက်ပြီး ရပ်ကွက်၊ ကျေးရွာအဆင့်အထိ တရက်ခြား တခါ ကျန်းမာရေး အသိပညာပေးတာနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်လံနှိုးဆော်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အစိုးရက သတ်မှတ်ထားတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စု ပေါင်း ၄၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။