လူနာနံပါတ် ၂၇ နှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ၁၅ ဦး ရောဂါပိုးမတွေ့
DVB
·
April 13, 2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၁၅ ဦးမှာ ရောဂါပိုးမတွေ့ဘူးလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက DVB ကို အတည်ပြုပါတယ်။
လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၇ ဦး၊ သူမနဲ့အတူ နေထိုင်ခဲ့တဲ့ မိသားစုဝင် ၈ ဦး၊ စုစုပေါင်း ၁၅ ဦးရဲ့ ဆေးစစ်ချက်တွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ ပို့ဆောင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဆေးစစ်ချက် အဖြေအရ ရောဂါပိုး မတွေ့တဲ့အတွက်ကြောင့် လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၁၅ ဦးကို Facility Quarantine Camp ကို ပြောင်းလဲစောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။
လူနာနံပါတ် ၂၇ ဟာ လက်ရှိမှာ ဗိုက်အောင့်တဲ့ အမျိုးသမီး ရောဂါလက္ခဏာလည်း သက်သာလာပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဒေါက်တာဝတ်မှုံက ပြောပါတယ်။