Live
Home
ဆောင်းပါး
COVID_19 လား… အပူရှပ်တာလား…
DVB
·
April 13, 2020
ပူပြင်းတဲ့နွေရောက်လာရင် အဖြစ်များတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါကတော့ အပူရှပ်တာပါ။ အခုလိုချိန်မှာ ကပ်ရောဂါ COVID_19 ကိုလည်း စိုးရိမ်နေရချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန်မြင့်တာကို လူတိုင်း စိုးရိမ်မိမယ်ထင်ပါတယ်။ ဒီတော့  အပူဒဏ်ကြောင့် အပူရှပ်ပြီး ကိုယ်ပူနေတာလား COVID_19 ကြောင့် ကိုယ်အပူချိန် မြင့်နေတာလား ဆိုတာကို သေသေချာချာလေး သိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် အသိပေးပါရစေ။

အပူရှပ်တယ်ဆိုတာ

နွေအပူချိန် အမြင့်ဆုံးဖြစ်တဲ့ ဒီကာလမှာ အပူရှပ်တာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အပူချိန်မြင့်နေတဲ့ အချိန်မှာ နေပူထဲမှာ အကြာကြီးနေမိမယ်။ ပင်ပင်ပန်းပန်း နေပူထဲမှာ လုပ်မိတာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ အပူရှပ်တာမျိုးဖြစ်နိုင်ပါတယ်။

အပူရှပ်ခြင်း

အပူရှပ်တယ်ဆိုတာက အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့ အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ် အပူချိန် က ပုံမှန်ရှိသင့်တာထက် အရမ်းမြင့်တက်တဲ့ အခြေအနေတစ်ရပ်ပေါ့။ အပူရှပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက် မြင့်တက်နေတာမျိုး ဖြစ်နိုင်ပါတယ်။နွေရာသီမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ် ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံးကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။

အပူရှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ

အပူရှပ်တဲ့အခါ –
  • ခန္ဓာကိုယ်အပူချိန်က ၁၀၀.၃ ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) ၁၀၀.၃ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေမယ်
  • နှလုံးခုန်မြန်နေမယ်
  • ချွေးမထွက်ဘဲဖြစ်နေမယ်
  • အသက်ရှူရခက်နေမယ်
  • စိတ်ရှုပ်ထွေးနေမယ်
  • ဆီးသွားနည်းမယ်
  • ဆီးအရောင်ရင့်မယ်
  • အော့အန်မယ်
  • ခေါင်းမူးမယ်
  • သတိလစ်မယ်
  • တက်မယ်
  • အရေပြားတွေ ပူနေမယ်၊ခြောက်သွေ့နေမယ်၊ နီမြန်းနေမယ်။

ဘယ်လိုကုသမလဲ………..

အပူရှပ်တာက အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။
  • အပူရှပ်တဲ့သူကိုနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် အရိပ်အောက်တစ်ခုခုကိုရွှေ့ပါ။
  • အဲယားကွန်းဖွင့်ထားတဲ့ အခန်း၊ ဒါမှမဟုတ်အေးမြတဲ့နေရာတစ်ခုခုကိုရွှေ့ပေးပါ။
  • သက်တောင့်သက်သာအနေအထားမျိုးမှာ လှဲလျောင်းနေနိုင်အောင်လုပ်ဆောင်ပေးပါ။
  • ခြေထောက်ကိုနည်းနည်းလေးမြှင့်ထားပေးပါ။
  • ရေဖြန်းပေးပါ။ရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ ချိုင်းကြား၊ လည်ပင်းနဲ့ပေါင်ကြားနေရာတွေကို ရေအေးဝတ်၊ရေခဲအိတ်တို့ကပ်ပေးပါ။
  • ရေတိုက်ပါ။ အုန်းရည်လိုမျိုးရေဓာတ်ဖြည့်ပေးတဲ့အရည်တွေတိုက်ပေးလို့လည်းရပါတယ်။ အန်နေမယ်ဆိုရင်တော့ ဆက်မတိုက်ပါနဲ့။
  • တစ်ချိန်တည်းမှာပဲ ဆေးရုံသွားဖို့ ပြင်ဆင်ပါ။ အပူချိန်ကျသွားတာတောင် ခန္ဓာကိုယ် အတွင်းပိုင်း ထိခိုက်မှုတွေ ရှိနိုင်တဲ့ အတွက် ဆေးရုံတက်ပြီး စောင့်ကြည့်ကုသဖို့ လိုပါတယ်။

COVID_19 ကြောင့် ကိုယ်အပူချိန်တက်နေတာလား…………..

COVID_19 ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ
  • ကိုယ်အပူချိန်မြင့်မယ် ( ၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)
  • ချောင်းခြောက်ဆိုးမယ်
  • အသက်ရှူရခက်မယ်
  • အသက်ရှူ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
  • ပင်ပန်းမယ်
  • ကြွက်သားတွေ နာကျင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်ပါသည်

ကိုယ်တိုင်ကနေစလို့ လူတိုင်းကျန်းမာစေဖို့ အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်နာလို့ COVID_19 ကို ကာကွယ်လိုက်ရအောင်ပါ။ ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024