တိတ်ဆိတ်နေသည့် ပုသိမ်မြို့ ညနေခင်း မြင်ကွင်းများ (ဓာတ်ပုံ)
DVB
·
April 13, 2020
ဧရာဝတီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ဟာ COVID-19 ရောဂါဖြစ်ပွားနေလို့ တာဝန်ရှိသူတွေက သင်္ကြန်ရေပက်ခံတာတွေနဲ့ မဏ္ဍပ်ထိုး ရေပက်တာတွေ မပြုလုပ်ဖို့ တားမြစ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာတော့ ပုသိမ်မြို့ရဲ့ နေရာ တော်တော်များများဟာ တိတ်ဆိတ်နေပါတယ်။
ယခင်က မြန်မာ့ရိုးရာသင်္ကြန် အကြိုနေ့ဆို ပုသိမ်မြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေ၊ လူစည်ကားတဲ့နေရာတွေက သင်္ကြန် မဏ္ဍပ်တွေ ဒီနှစ်မှာ မရှိတော့တဲ့အပြင် နေရာ တော်တော်များများဟာလည်း တိတ်ဆိတ်နေတာပါ။
Photo – Min Htet Mone / MPA