Home
မြန်မာသတင်း
ကေအန်ယူ ဒု-ဥက္ကဋ္ဌ စီးနင်းလာသည့်ကား တိမ်းမှောက်
DVB
·
April 5, 2013
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် စီးနင်းလာတဲ့ကား ဟာ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မယ်ရမတ်နဲ့ မယ်လ ဒုက္ခသည်စခန်းကြားမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး ၂ ဖြစ်သူ နော်စီးယိုဖောက “မယ်လစခန်းနဲ့ မယ်ရမတ်ကြားမှာ တိမ်းမှောက်သွားတာ ဖြစ်တယ်။ ကားပေါ်မှာ ဒရိုင်ဘာ အပါအ၀င် ၆ ယောက်ပါတယ်။ ကားက ချောက်ထဲကျသွားတော့ ၆ ယောက်စလုံး ဒဏ်ရာရတယ်။ ၂ ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ ဆရာမ စီဖိုးရာ အခြေအနေကိုတော့ မသိသေးဘူး” လို့ ပြောပါတယ်။ ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဟာ ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတနေရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နေ့ အခမ်းအနားကို တက်ရောက်ပြီး အပြန်မှာ အခုလို ကားတိမ်းမှောက်ခဲ့တာပါ။ ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်အပါအ၀င် ဒဏ်ရာရရှိသူတွေကို မဲဆောက်မြို့ ဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ နော်စီးယိုဖောက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024