Home
မြန်မာသတင်း
ဘားအံဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၃ ဦး ရောဂါပိုးမတွေ့ရှိ
DVB
·
April 12, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာ ၁၃ ဦးလုံးရဲ့ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ ဧပြီ ၁၂ ရက် မနက်ပိုင်းက ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က ပြောပါတယ်။ ဘားအံပြည်သူဆေးရုံကြီးမှာ မတ် ၁၀ ရက်က နောက်ဆုံးရောက်ရှိလာတဲ့ COVID-19 စောင့်ကြည့်လူနာ ၁၃ ဦးရဲ့ ဓာတ်ခွဲအဖြေကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်ပေးပို့ခဲ့တာပါ။ ဘားအံပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံကနေ ​​ပြန်‌လည်ဝင်ရောက်လာသူတွေကို စောင့်ကြပ်ကြည့်ရှု (Quarantine Center) တဲ့ စခန်းတွေက လူနာ ၈ ဦးနဲ့ ဘားအံမြို့ပေါ်က လူနာ ၅ ဦးကို သီးသန့်ထားရှိပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားပါတယ်။ ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က “နောက်ဆုံးစစ်ဆေးချက်အရ ၁၀ ရက်နေ့က ပေးပို့ထားတာ ၁၁ ရက်နေ့ညက အဖြေထွက်ပြီ။ နောက်ဆုံးပို့ထားတဲ့ ၁၃ ယောက်စလုံး Negative ပဲ”လို့ ပြောပါတယ်။ ဘားအံဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာအားလုံး အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။ ဘားအံဆေးရုံကြီးကို မတ် ၇ ရက်နေ့ကစတင်ပြီး ဒီကနေ့ထိ COVID-19 စောင့်ကြည့်လူနာ ၄၀ ဦးရောက်ရှိခဲ့ရာမှာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနရဲ့ ​ပြန်ကြားချက်​တွေအရ ရောဂါပိုး မတွေ့ရှိတဲ့အတွက် ဆေးရုံကြီးကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ဧပြီ ၁၀ ရက်နေ့ထိ ကရင်​ပြည်နယ်အတွင်း ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်နယ်တိုင်းဒေသကြီးအသီးသီးက ပြည်တော်ပြန်တွေကို စခန်း ၁၄ ခုဖွင့်လှစ်ပြီး ၂၁ ရက် စောင့်ကြပ်ကြည့်ရှုမှုတွေ ပြုလုပ်ပေးရာမှာ ကျား ၁၃၀၀ နီးပါး၊ မ ၄၀၀ ကျော်ကို ကျန်းမာရေးနဲ့ စားသောက်ရေးတွေ စီစဥ်ဆောင်ရွက်ပေးထားပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024