မြောက်ဒဂုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဖြန့်ဝေ (ဓာတ်ပုံ)
DVB
·
April 12, 2020
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က အခြေခံလူတန်းစားတွေကို အစိုးရထောက်ပံ့ပေးတဲ့ အခြေခံစားသောက်ကုန်တွေ ဧပြီ ၁၁ ရက်နေ့က ဖြန့်ဝေပေးခဲ့ပါတယ်။
အခြေခံစားသောက်ကုန်ပစ္စည်းတွေကတော့ အိမ်ထောင်စုတစုအတွက် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ကုလားပဲ ၁ ပိဿာ၊ ဆား ၅၀ ကျပ်သားဖြစ်ပါတယ်။
ကနဦးအနေနဲ့ ဧပြီ ၁၀ရက်နေ့က လှိုင်သာယာမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၁၂၉ စုကို ဖြန့်ဝေခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ကျန်ရှိတဲ့ အိမ်ထောင်စု ၆၈၀၂၂၇ စုကိုတော့ မဟာသင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်အတွင်း ဆက်လက် ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
Photo - Ye Myo Khant / MPA