A d v e r t i s e m e n t With Us

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် တရုတ်တွင် သေဆုံးသူ ၆ ဦးရှိပြီ

Photo_ REUTERS
တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆ ယောက်အထိ တိုးမြင့်လာတာကြောင့် အစိုးရအာဏာပိုင်တွေဟာ စီးပွားရေးမြို့တော် ရှန်ဟိုင်းရဲ့ ကြက်၊ ငှက် အရှင်တွေ ရောင်းချတဲ့ ဟူဟွိုင်ဈေးမှာ ကြက်၊ ငှက်တွေကို ဒီနေ့ သတ်ဖြတ်သုတ်သင်နေပါတယ်။ ဒီကိစ္စဟာ ပြည်ပအထိ ပျံ့နှံ့သွားပြီး ဟောင်ကောင်က ရှယ်ယာဈေးတခုမှာ ကြက်၊ ငှက်တွေကို စတင် ဈေးလျှော့ချ ရောင်းနေပါပြီ။ အာဏာပိုင်တွေဟာ ဟူဟွိုင်ဈေးထဲက နမူနာ ခိုတွေမှာ H7N9 ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီးနောက်မှာ ဟူဟွိုင်ဈေးကိုလည်း ပိတ်ထားလိုက်ပြီး ငှက်တွေကို သုတ်သင်နေတယ်လို့ နိုင်ငံပိုင်ရှင်ဟွာသတင်းဌာနက ပြောသွားပါတယ်။ [caption id="attachment_38173" align="alignright" width="300" caption="Photo_ REUTERS"][/caption] H7N9 ကြက်ငှက်တုပ်ကွေး မျိုးဗီဇ ကူးစက်ပျံ့နှံ့မှုတွေဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အားလုံး ၁၄ ဦးရှိနေပြီး ရှန်ဟိုင်းမြို့တော်မှ အနည်းဆုံး လူ ၄ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။ ဟောင်ကောင်မှာတော့ ဧပြီ ၅ ရက်နေ့မှာ ရှယ်ယာဈေးတွေဟာ ၄ လအတွင်း ကျဆင်းသွားပြီး ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် အသစ်ကြောင့် ဒေသစီးပွားရေး ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ တရုတ်လေကြောင်းလိုင်းတွေမှာလည်း ဒီရက်ပိုင်းအတွင်းမှာ စီးတဲ့ ခရီးသည်အရေအတွက် ထိုးကျသွားတာပါ။ ဒီဗိုင်းရပ်စ်ဟာ လူ-လူချင်း ပျံ့နှံ့ကူးစက်မှု မရှိသေးပေမယ့် ဟောင်ကောင် လေဆိပ် အာဏာပိုင်တွေဟာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်ကတော့ တရုတ်နိုင်ငံကနေ ကြက်နဲ့ ငှက်အသားတွေ တင်ပို့ခြင်းကို တားမြစ်ထားပါတယ်။ ဂျပန်နိုင်ငံလေဆိပ်တွေမှာတော့ တရုတ်နိုင်ငံမှ ခရီးသည်တွေအားလုံးကို တုပ်ကွေးလို ရောဂါလက္ခဏာတွေ ရှိနေရင် ဆေးစစ်ကြည့်ကြဖို့ သတိပေးထားတဲ့ ပိုစတာတွေကို အ၀င်ဂိတ်တွေမှာ ထောင်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up