လူရှင်းနေတဲ့ ရန်ကုန်မြို့ပြ ညနေခင်း (ဓာတ်ပုံ)
DVB Digital
·
April 11, 2020
သင်္ကြန်ရုံးပိတ်ရက် ကာလစတင်တဲ့ ဧပြီ ၁၀ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့တွင်း လမ်းမတော်တော်များများမှာ လူသွားလူလာနည်းပြီး ခြောက်ကပ်နေပါတယ်။
အရင်က လူစည်ကားပြီး ကာတွေပိတ်ဆို့နေတဲ့ ရန်ကုန်မြို့တွင်းလမ်းမတွေမှာ ကားတွေလည်း မရှိသလောက်နည်းနေတာ တွေ့ရပါတယ်။
မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ လမ်းမပေါ် လူသွားလူလာနည်းပြီး ညနေ ၅ နာရီနောက်ပိုင်းမှာတော့ ရန်ကုန်မြို့တွင်းလမ်းမတွေပေါ်မှာ အပြင်ထွက်သူ အနည်းငယ်ကိုသာ တွေ့ရပါတယ်။
နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ COVID -19 ကူးစက်မြန်အဆုတ်ရောင်ရောဂါကို တားဆီးထိန်းချုပ်နိုင်ဖို့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အရေးကြီးကိစ္စတွေက လွဲရင် အိမ်အပြင်မထွက်ကြဖို့၊ အိမ်မှာနေကြဖို့ ရန်ကုန်တိုင်းအစိုးရက ပန်ကြားထားပြီးနောက် အခုလိုမျိုး လူသွားလူလာနည်းသွားတာပါ။
ရန်ကုန်မြို့မှာ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်တွေဖြစ်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း နေအိမ် ပြင်ပမထွက်ဘဲ အိမ်မှာသာ နေထိုင်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး COVID- 19 ကာကွယ် ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီက မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။
Photo - JPaing / MPA