မြန်မာပြည်သိန်းတန်ရဲ့ COVID-19 ပညာပေးသီချင်း နာမည်ကြီးနေ(ရုပ်သံ)
DVB
·
April 10, 2020
“ကူးစက်ရောဂါ ကမ္ဘာအရပ်ရပ်မှာ ပျံ့နှံ့သွားပြီနော်… တို့ပြည်သူများ လူစုခွဲလို့ ၆ ပေအကွာနေနော်… လမ်းသွားလမ်းလာ သတိလေးထားပြီး Mask လေးတပ်သွားနော်… လက်ကိုစင်အောင်ဆေးဦး ဂရုစိုက်နော်”
ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ COVID-19 ပညာပေးသီချင်းတပုဒ် ထဲက တေးသွားစာသားတွေဖြစ်ပြီး ဒီသီချင်းကိုတော့ ဝါရင့်နာမည်ကြီး အဆိုတော်ကြီး မြန်မာပြည် သိန်းတန်က သီဆိုပေးထားခဲ့တာပါ။
မြန်မာပြည် သိန်းတန်ဟာ စတီရီယိုခေတ်ဦးကတည်းက လက်ရှိကာလထိတိုင် အောင် တေးသီချင်းပေါင်းများစွာ သီဆိုအောင်မြင်နေဆဲဖြစ်တဲ့ အဆိုတော်တဦးဖြစ်ပါ တယ်။
“ကူးစက်ရောဂါ ပျံ့ပွားမသွားအောင် စောင့်ရှောက်ပေးခြင်းအပေါ်… ပြည်တော် ပြန်တွေ ချမှတ်ထားတဲ့ စည်းကမ်းလိုက်နာနော်… မိမိတဦးမှာ ကပ်ငြိခဲ့ရင် အများအ တွက် မကောင်းဘူးနော်… မပြောကောင်းမဆိုအပ်… တနိုင်ငံလုံးနော်”
ထိမိတဲ့ ပညာပေးစာသားတွေနဲ့ ဒီတေးသီချင်းကို ရေးစပ်ခဲ့သူကတော့ ‘ခွင့်လွှတ် ပေးဖို့ တောင်းပန်ချင်’သီချင်းရဲ့ ဖန်တီးရှင် တေးရေး စောအယ်ဇ ဖြစ်ပါတယ်။
‘ခွင့်လွှတ် ပေးဖို့ တောင်းပန်ချင်’သီချင်းကတော့ တေးသံရှင် ချယ်ရီသင်းသီဆိုခဲ့ပြီး Tik Tok မှာလည်း နာမည်ကြီး လူသိများလာခဲ့ပြီးနောက်မှာတော့ မြန်မာပြည်သိန်းတန် ကလည်း သီဆိုခဲ့ဖူးပါတယ်။
“နေ့စဉ်ဘဝမှာ ခပ်ခွာခွာ… နေထိုင်ကြစို့နော်… ကိုယ်ချင်းခွာပေမယ့် နှလုံးသား ချင်းတော့ နီးရမယ်လေနော်… ဖြူစင်စိတ်ထား လူဟာလူပဲနော်”
ဒီသီချင်းရုပ်သံကိုတော့ Tint Htet Khaing အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်ပေါ်မှတဆင့် မျှဝေပေးထားခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာတော့ နာမည်ကြီးနေ ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောကာလမှာတော့ COVID-19 ဗိုင်းရပ်စ်ဟာ ကပ်ရောဂါအသွင်ဆောင် လာတာမို့ အများပြည်သူကို အသိပညာပေးမှုတွေ လုပ်ဆောင်ကြရမယ့် အခြေအနေတခု ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနက ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင် ဖို့ အများပြည်သူကို ကျန်းမာရေးအသိပညာပေးမှုတွေ၊ သတင်းအချက်အလက်တွေ အ ချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေသလို အနုပညာရှင်တွေကလည်း တထောင့်တနေရာက ပါဝင်အားဖြည့်တဲ့အနေနဲ့ ပညာပေးသီချင်းရုပ်သံတွေထုတ်လုပ်ပြီး မျှဝေပေးမှုတွေ လုပ် ဆောင်လာကြတာပါ။
မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရ သူ ၂၇ ဦးရှိပြီး သေဆုံးသူ ၃ ဦးထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းခွဲကျော်သွား ခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။