အီကွေဒေါတွင် ကိုရိုနာကြောင့် သေဆုံးသူများအတွက် ထောင်သားများ အခေါင်းထုတ်
DVB
·
April 10, 2020
အီကွေဒေါနိုင်ငံက ထောင်သားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူတွေအတွက် သစ်သားခေါင်းတလားတွေကို ကြိုးစားထုတ်လုပ်နေပါတယ်။
နိုင်ငံတလွှားက သစ်မှောင်ခိုတွေဆီကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိမ်းဆည်းထားတဲ့ သစ်သားတွေကို သုံးပြီး လုပ်နေတာပါ။
သစ်သားကုဗမီတာ ၇၃၀ ကျော်ကို ထောင်တွေဆီ လှူခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အီကွေဒေါဟာ လက်တင်အမေရိကဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ တတိယအများ ဆုံး နိုင်ငံပါ။
ကူးစက်ကပ်ဘေးသင့် ဂွါယာပြည်နယ်နဲ့ ပြည်နယ်ရဲ့ မြို့တော် ဂွါယာကေးမှာ လမ်းတွေ ဆေးရုံတွေနဲ့ လူနေအိမ်တွေမှာ အလောင်းတွေ ပုံနေလို့ လူသားချင်းစာနာမှု ကပ်ဘေးသင့်နေ ပါတယ်။
အီကွေဒေါနိုင်ငံအတွင်း ဧပြီ ၁၀ ရက်မွန်းလွဲ ၁ နာရီထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၉၆၅ ယောက်နဲ့ သေဆုံးသူ ၂၇၂ယောက်ရှိနေပါတယ်။