ချီကာဂိုမြို့ ထောင်တခု၌ အကျဉ်းသားနှင့်ဝန်ထမ်း ၄၀၀ ကျော် ကိုရိုပိုးတွေ့

Reuters
1.1K
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ကွတ်ကောင်တီအကျဥ်းထောင်က အကျဉ်းသား ၂၇၆ ယောက်နဲ့ ထောင်ဝန်ထမ်း ၁၇၂ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ပြီးနောက် အဲဒီအကျည်းထောင်ဟာ အန္တရာယ်ရှိနေရာ ဖြစ်လာပါတယ်။
ဒါကြောင့် ဧပြီ ၉ ရက်က အကျဉ်းထောင် မှန်ပြတင်းတွေမှာ အကျဉ်းသားတွေ အကူ အညီတောင်းခံတဲ့ စာတွေ ကပ်ထားတာကို တွေ့ရပါတယ်။
ပိုးတွေ့သူ အကျဉ်းသားတွေထဲက ၂၁ ယောက်ဟာ ဒေသဆေးရုံတွေမှာ ရောက်နေပြီး ၃၆ ယောက်ကတော့ နာလန်ထစခန်းတွေမှာ ရှိပါတယ်။
COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အကျဉ်းသား တယောက်ကတော့ ရောဂါအခံနဲ့ သေဆုံးခဲ့ပါတယ်။
ရောဂါပိုးတွေ့တဲ့ အကျဉ်းသားတွေကို သီးခြားခွဲထားပြီး သူတို့ရဲ့အကျဉ်းသားဖော်တွေကို လည်း အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ လုပ်ထားတယ်လို့ ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
အမေရိကန်နိုင်ငံတလွှား အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ တိုးလာတယ်လို့သိရပြီး အကျဉ်းသား ထောင်ချီပြီး လွှတ်ပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။