နယူးယောက်တွင် အလောင်းများကို ယာယီရင်ခွဲရုံပို့ 

Reuters
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရပ်ကွက်က ကင်းစ်ဘရွတ်ခ် ဂျူးဆေးကုသရေးစင်တာရဲ့အပြင်ဘက်မှာ အိတ်ဖြူတွေနဲ့ ထုပ်ထားတဲ့ အလောင်းတွေကို ဧပြီ ၉ရက်က အအေးခန်းကားတွေနဲ့ ယာယီရင်ခွဲရုံဆီ ပို့ခဲ့တယ်လို့ သိရပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နယူးယောက်ပြည်နယ် တခုတည်းမှာတင် ဧပြီ ၈ ရက်က လူ ၇၉၉ ယောက် သေဆုံးခဲ့လို့ စုစုပေါင်းသေဆုံးသူ ၇၀၆၇ ယောက် ဖြစ်သွားပါတယ်၊ အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံဦးရေရော သေဆုံးသူ ဦးရေပါ ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။  ဧပြီ ၁၀ ရက် မနက် ၁၁ နာရီထိ အတည်ပြုချက်အရ အမေရိကန်မှာ ကူးစက်ခံ အယောက် ၄၇၀၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၆၇၀၀ နီးပါး ရှိနေပါပြီ။  ကမ္ဘာတလွှားမှာ ကိုရိုနာကူးစက်ခံဦးရေ ၁၆ သိန်းကျော်ရှိပြီး သေဆုံးသူ ၉ သောင်း ၆ ထောင်နီးပါးရှိပါတယ်။  ကူးစက်ခံ သေဆုံးသူ အယောက် ၁ သောင်းနဲ့အထက်ရှိတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up