နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် သောက်သုံးရေရှားပါးနေ
DVB
·
April 10, 2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ နန်းယွန်းမြို့မှာ ဒေသခံတွေ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။
နန်းယွန်း အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက “ရေရှားနေတာကြာပါပြီ။ မနှစ်ကတည်းက ဖြစ်တာပါ။ ကျနော်တို့ နန်းယွန်းမြို့နယ်ကပါ။ အခုကျနော့်ရွာက ရွာသစ်ပါ။ ရွာပြောင်းတာလည်း မကြာသေးပါဘူး။ အရင်က ရှန်ဟဲနောက်ညိုရွာမှာနေတာပါ။ အဲဒီမှာနေတုန်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ဒါကြောင့် ပြောင်းလာခဲ့တာပါ။ ကျန်းမာရေးမကောင်းလို့ သွားပြရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့်ရွာက လူငယ်တွေနဲ့ညှိနှိုင်းပြီး အခုနာဟင်တဂပ်ရွာသစ်ကို ပြောင်းခဲ့တာပါ”လို့ ပြောပါတယ်။
အခုပြောင်းလာတဲ့ရွာက ဗဟိုလမ်းမကြီးဖြစ်ပြီး ကျန်းမာရေးအရ သွားလာလို့ လွယ်ကူသလို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတယ်လို့ သိရပါတယ်။
နာဟင်တဂပ်ရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက “နန်းယွန်းကိုသွားလည်း နီးတယ်။ ရှင်ဘွေယန်ကိုသွားလည်း နီးတယ်။ အခုက ရေရှားပါးတော့ ဒုက္ခရောက်နေတယ်။ သောက်ဖို့တောင် အဆင်မပြေဘူးဖြစ်နေတယ်။ ရေတွင်းလည်း မရှိ၊ တောင်ကျရေပဲ သုံးနေရတယ်။ လုံလောက်မှု မရှိတော့ အခက်အခဲဖြစ်နေတယ်။ သက်ဆိုင်ကို တင်ပြထားပါတယ်၊ ကြာမယ်လို့ ပြောတယ်။ သက်ဆိုင်ရာ ရေရှားပါးနေတဲ့ကိစ္စ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်”လို့ ပြောပါတယ်။
နာဟင်တဂပ်ကျေးရွာမှာ အိမ်ခြေ ၅၀ ရှိပြီး လူဦးရေ ၃၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။
သတင်း - အောင်ဆန်းမြင့်