Home
မြန်မာသတင်း
မဏ္ဍပ်နှင့် ရေပက်ခံကားများကို အရေးယူမည်ဟု ဧရာဝတီတိုင်းအစိုးရ ထုတ်ပြန်
DVB
·
April 10, 2020
ဧရာဝတီတိုင်းအတွင်းက ပြည်သူတွေအနေနဲ့ မဟာသင်္ကြန်ကာလအတွင်း အုန်းလက် မဏ္ဍပ် အပါအဝင် ရေပက်ခံ မဏ္ဍပ် ဆောက်လုပ်ကစားတာ၊ ရေပက်ခံကားနဲ့ လူစု လည်ပတ်တာတွေ  ပြုလုပ်ပါက ထိရောက်စွာ အရေးယူမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ တိုင်းဒေသကြီးအဆင့် COVID – 19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မဟုတ်မမှန် ကောလာဟလ သတင်းတွေထုတ်ဝေတာ၊ ဖြန့်ဝေတာတွေ မလုပ်ကြဖို့နဲ့ Website အတု၊ Page အတု၊ Account အတုတွေနဲ့ ပြည်သူအများ ထိတ်လန့်စေအောင် COVID-19 သတင်းမှား ဖြန့်ဝေပါက ထိရောက်စွာအရေးယူမယ်လို့ ဆိုပါတယ်။ မြို့နယ်အတွင်းရှိ ပြည်သူတွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘာသာရေး/လူမှုရေးနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေ၊ သင်တန်းတွေ၊ ဇာတ်ပွဲ၊ နတ်ပွဲ၊ ဆိုင်းပွဲတွေ လူစုလူဝေးဖြစ်စေမဲ့ ကိစ္စရပ်တွေ၊ ရှိခိုးပူဇော်ပွဲတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ လူမှုရေးအသင်းအဖွဲ့တွေအနေနဲ့ သံသယရှိလူနာတွေကို သယ်ယူပို့ဆောင်ပါက သက်ဆိုင်ရာ နယ်မြေရှိ ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အား အကြောင်းပြုပြီး ဆေးဝါး၊ ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေကို ဈေးတင်ရောင်းချပါကက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024