Home
အနုပညာ
ထွက်ပြေးတိမ်းရှောင်နေသည့် မင်းရာဇာနှင့် ဇနီးဖြစ်သူကို DKBA ကဖမ်းဆီးပြီး ရဲလက်အပ်
DVB
·
April 10, 2020
ထွက်ပြေးတိမ်းရှောင်နေတဲ့ သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူအပါအဝင် ၃ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဧပြီ ၉ ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့က ပြောပါတယ်။ မြဝတီမြို့ ကျောက်ခက်ကျေးရွာမှာ မင်းရာဇာ၊ ဇနီးဖြစ်သူနဲ့ ယောက္ခမတို့အား ဖမ်းဆီးမိခဲ့တာဖြစ်ပြီး မြဝတီရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်သွားမယ်လို့ DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စောကျော်သန်းဌေးက ပြောပါတယ်။ သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူနဲ့ ယောက္ခမတို့ဟာ အိမ်အကူ အမျိူးသမီးငယ်လေးကို အက်စစ်နဲ့ပက်တာ၊ ဓားနဲ့ထိုးတာ တူနဲ့ရိုက်တာ စတဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ရွှေပါက်ကံမြိုနယ် ရဲစခန်းမှာ အမျိုးသမီးငယ်ရဲ့ မိခင်ဖြစ်သူက ရာဇသတ်ကြီး ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။  အိမ်အကူ အမျိူးသမီးငယ်လေးဟာ အသက်မပြည့်သေးသူဖြစ်သလို အိမ်ရှင် သရုပ်ဆောင်မင်းရာဇာက လိင်ပိုင်းဆိုင်းရာကျူးလွန်ရှိတယ်ဆိုပြီး တာမွေမြို့နယ်မှာလည်း တရားစွဲဆိုထားပါတယ်။  လက်ရှိ အချိန်မှာ အဲ့ဒီအမျိူးသမီးငယ်လေးဟာ ကိုယ်အင်္ဂါ ထိခိုက်မှု အပြင်းအထန် ခံနေရပြီး မြောက်ဥက္ကလာပဆေးရုံမှာ တင်ထားရပါတယ်။  အဲ့ဒီနောက်မှာ စွပ်စွဲခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီး ဖြစ်သူတို့ဟာ တိမ်းရှောင်နေကြတာဖြစ်ပြီး DKBA အဖွဲ့ ထိန်းချုပ်နယ်မြေမှာ ဧပြီ ၉ ရက်နေ့ညက ဖမ်းဆီးမိခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024