အာဂျင်တီးနားတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၅၄ ဦး သေဆုံး

ေရလွှမ်းမုိးမှုခံခဲ့ရသည့် လာပလာတာြမို့
3K
အာဂျင်တီးနားနိုင်ငံမှာ ရုတ်တရက် ရေလွှမ်းမိုးပြီး လူ ၅၄ ယောက် သေဆုံးခဲ့ပြီးနောက် အာဂျင်တီးနားအစိုးရက ၃ ရက်တာ နိုင်ငံတော်ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် ကြေညာ လိုက်ပါတယ်။
[caption id="attachment_38132" align="alignright" width="300" caption="ရေလွှမ်းမိုးမှုခံခဲ့ရသည့် လာပလာတာမြို့"]
[/caption]
စံချိန်တင်ရလောက်အောင် အသည်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ မိုးသက်မုန်တိုင်းကြောင့် လာပလက်တာမြို့မှာ အနည်းဆုံး လူ ၄၈ ဦးနဲ့ မြို့တော် ဗျူနိုအေရီးစ်မှာ လူ ၆ ဦး သေဆုံး ခဲ့ရပါတယ်။
လာပလာတာမြို့မှာ ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့ အစောပိုင်းမှာ ရွာချခဲ့တဲ့ မိုးရေချိန်က ၁၆ လက်မလောက် ရှိခဲ့ပြီး ဗျူနိုအေးရီးစ်မြို့တော်မှာလည်း မိုးရေချိန် ၁၅ လက်မ ကျော်ကျော် ရွာချခဲ့တာပါ။
အာဂျင်တီးနားသမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဒီ ကာ့ခ်ျနာဟာ မြို့တော်တောင်ဘက် ၃၂ မိုင် အကွာမှာရှိတဲ့ လာပလာတာမြို့က ရေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ တိုလိုဆာဒေသကို သွားရောက်ခဲ့ပါတယ်။
မော်တော်ကားတွေ ထောင်နဲ့ချီပြီး ရေစီးနဲ့ မျောပါသွားသလို သမ္မတရဲ့ မိခင်ဖြစ်သူအပါအ၀င် အဲဒီရေလွှမ်းမိုးတဲ့ နေရာတွေမှ လူပေါင်းထောင်ချီပြီး အိမ်တွေကို စွန့်ခွာ ပြေးခဲ့ကြရပါတယ်။
တချို့လူတွေဟာ လာပလာတာက စူပါမားကက်တခုကို ၀င်ရောက်လုယက်ခဲ့ကြပြီး တချို့တွေကတော့ လမ်းတွေကို ပိတ်ဆို့ထားပြီး အာဏာပိုင်တွေဆီက ထောက်ပံ့ကူညီမှုတွေကို တောင်းဆိုခဲ့ကြပါတယ်။
သမ္မတ ရောက်ရှိသွားချိန်မှာ လုယက်မှုတွေရှိနေတာကြောင့် ရဲတပ်ဖွဲ့အင်အား ဖြည့်တင်းပေးမယ်လို့ ရေဘေးဒဏ်သင့် ပြည်သူတွေကို ပြောကြားခဲ့ပါတယ်။
လာပလာတာမြို့မှာ သေဆုံးသူ တော်တော်များများဟာ ရေနစ်ပြီး သေဆုံးရသလို တချို့က သူတို့ရဲ့ကားတွေထဲ ၀င်ရောက်ခိုလှုံနေချိန်မှာ ဓာတ်လိုက်သေဆုံးကြရတာဖြစ်ပါတယ်။
ရုတ်တရက် မိုးကြီးလို့ ဒုက္ခရောက်ကြရသူ ၃ သိန်းခွဲလောက်ရှိတယ်လို့ ဗျူနိုအေးရီးစ် မြို့တော်ဝန် မော်ရီစီယို မက်ခရီက ပြောပါတယ်။
