ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် အမေရိကန် ယာယီရေတပ်ဝန်ကြီး နုတ်ထွက်စာတင်

999
လေယာဉ်တင်သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ပြဿနာကို ဖြေရှင်းရာမှာ ဝေဖန်မှုတွေ ကြုံတွေ့ပြီးနောက် အမေရိကန် ယာယီရေတပ်ဝန်ကြီး သောမတ်စ်မိုလီဟာ နုတ်ထွက်စာတင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောလိုက်ပါတယ်။
ယာယီရေတပ်ဝန်ကြီးရဲ့ နုတ်ထွက်စာကို ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ လက်ခံ၊ မခံကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ကွန်ဂရက်လွှတ်တော်မှာ ဒီမိုကရက်တွေက ယာယီရေတပ်ဝန်ကြီး မိုလီအပေါ် ယုံကြည်မှု မရှိကြောင်း ပြောဆိုပြီး သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုပြီးနောက်မှာ မိုလီက နုတ်ထွက်စာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။
မိုလီရဲ့ နုတ်ထွက်စာနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးရုံးနဲ့ ရေတပ်က တစုံတရာ ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောကပ္ပတိန်ကို တာဝန်က ရပ်စဲတယ်လို့ မိုလီဟာ ကြေညာခဲ့ပါတယ်။