Home
သတင်းတို
နေ့စဉ် သတင်းစာ ၄ ရက်အတွင်း စောင်ရေ ၂ ဆ တိုး
DVB
·
April 4, 2013
သည်ဗွိုက် နေ့စဉ်သတင်းစာဟာ ထုတ်ဝေပြီး ၄ ရက်အတွင်း စောင်ရေ ၂ ဆ တိုးသွား သလို အခြားသတင်းစာတွေလည်း စောင်ရေ တိုးတက်လာကြောင်း တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ သည်ဗွိုက် နေ့စဉ်သတင်းစာဆိုရင် ဧပြီ ၁ ရက် စ ထုတ်ဝေစဉ်က စောင်ရေ ၂ သောင်း ၀န်းကျင် ရိုက်နှိပ်ရာကနေ မှာကြားမှုစောင်ရေ တဖြည်းဖြည်း တက်လာပြီး ဧပြီ ၄ ရက်နေ့အတွက် စောင်ရေ ၄ သောင်း ၂ ထောင် ရိုက်နှိပ်ဖြန့်ဝေရတယ်လို့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။ ရွှေနိုင်ငံသစ် သတင်းစာကတော့ ကျပ် ၁၀၀ နဲ့ ဖြန့်မယ်ဆိုပြီး အော်ဒါမှာတဲ့အခါ စောင်ရေ ၈ သောင်း ရှိပြီး အခုနောက်ဆုံးရက် စောင်ရေ ၁ သိန်းကျော် ရိုက်နှိပ်ရတယ်လို့ အယ်ဒီတာချုပ် ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။ လာမယ့် မေလဆန်းမှာ နာမည်ကြီး အလဲဗင်းနေ့စဉ်နဲ့ ရန်ကုန်တိုင်းမ် နေ့စဉ်တွေကိုပါ ထုတ်ဝေလာတော့မှာမို့ သတင်းစာထုတ်ဝေမှုမှာ အပြိုင်အဆိုင် ပိုများလာမှာဖြစ်ပါတယ်။ ပုဂ္ဂလိကသတင်းစာ ၁၆ စောင်ကို ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေခွင့်ပြုခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ ပြည်ထောင်စုနေ့စဉ်၊ သည်ဗွိုက်ဒေးလီး၊ ရွှေနိုင်ငံသစ်နဲ့ စံတော်ချိန် သတင်းစာ ၄ စောင် စတင်ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024