ဧပြီ ၇ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
April 7, 2020
ဧပြီ ၇ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၄၄၉.၆ ကျပ်၊ ၁ ယူရိုငွေကို ၁၅၇၅.၄ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၁၇.၁ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၃၃၀.၆ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၅.၃၇ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၃၃.၆၂ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၃.၂၉ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁၁၆၈၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၁၆၃၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၆၆၄ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)