A d v e r t i s e m e n t With Us

မြောက်ကိုရီးယားကို နျူကလီးယားနိုင်ငံတခုအဖြစ် အသိအမှတ်ပြုမည်မဟုတ်

သတင်းစာရှင်းလင်းပွဲြပုလုပ်ေနစဉ်
အမေရိကန်ပြည်ထောင်စုဟာ မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားနိုင်ငံ တခုအနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သတိပေး ပြောကြားလိုက်ပါတယ်။ "အဓိကအချက်ကတော့ ကင်မ်ဂျုံအန်း လုပ်ဆောင်ဖို့ ရွေးချယ်တဲ့အရာက တမင်တကာကို ရန်စနေတယ်ဆိုတာ ရှင်းပါတယ်။ အန္တရာယ်ကြီးပြီး အဆင်အခြင်လည်း မရှိဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့တော့ ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) ကို နျူကလီးယားနိုင်ငံအဖြစ် အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူး" လို့ အင်္ဂါနေ့က ၀ါရှင်တန်မှာ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ယွန်ဗြွန်ဆယ်နဲ့ ပူးတွဲပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားသွားတာပါ။ [caption id="attachment_38077" align="alignright" width="300" caption="သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်"][/caption] ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှ ကိုယ့်နိုင်ငံကို ကိုယ့်ဘာသာ ကာကွယ်သွားမှာဖြစ်ပြီး အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကိုလည်း ကာကွယ်ရေး အကူအညီပေးမယ့်အကြောင်းလည်း ဂျွန်ကယ်ရီက ထပ်လောင်းအတည်ပြု ပြောဆိုသွားပါတယ်။ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ စစ်ဖြစ်ရတော့မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ခြိမ်းခြောက် ပြောဆိုမှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရှိန်မြင့်လာပြီးနောက် တောင်ကိုရီးယားလူမျိုး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ခုလိုသဘောထားတင်းမာနေမှုတွေကို တည်ငြိမ်အေးဆေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ်။ အဲဒီနောက် ပြုံယမ်းအစိုးရက လွန်ခဲ့တဲ့ ၅ နှစ်လောက်က ပိတ်ထားတဲ့ ယုံဗြွန်းက အဏုမြူ ဓာတ်ပေါင်းဖိုကို ပြန်လည်စတင် လုပ်ကိုင်တော့မယ်လို့ စီစဉ်ထားတဲ့အကြောင်း ဧပြီ ၂ ရက် အင်္ဂါနေ့မှာ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ကြေညာချက် ထွက်လာပြီးနောက် နာရီအနည်းငယ်အကြာမှာပဲ အမေရိကန်ဘက်ကလည်း ခုလိုသတိပေး ပြောကြားချက် ထွက်လာတာပါ။

A d v e r t i s e m e n t With Us

More News
Up