အီကွေဒေါတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများလာ၊ ယာယီရင်ခွဲရုံများ ဆောက်လုပ်

768
အီကွေဒေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ များပြားလာတာမို့၊ ယာယီရင်ခွဲရုံတွေ ဆောက်လုပ်ပြီး ဖြေရှင်းနေရတယ်လို့ ဧပြီ ၆ ရက်နေ့မှ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အီကွေဒေါမှာ ဧပြီ ၁ ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၄၅၀ ဦး အသစ်ထပ်တွေ့ပြီး ဒီနေ့မနက်ပိုင်းအထိ ကူးစက်ခံရသူ ၃၆၄၆ ဦး၊ သေဆုံးသူ ၁၈၀ နဲ့ ပြန်လည်သက်သာ ကောင်းမွန်လာသူ ၁၀၀ ရှိတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဆေးရုံတွေ၊ ရင်ခွဲရုံတွေနဲ့ အအေးခန်းတွေ၊ သင်္ချိုင်းတွေမှာ အလောင်းထားဖို့ နေရာအခက်အခဲဖြစ်လာလို့ ယာယီရင်ခွဲရုံတွေကို အီကွေဒေါရဲ့ ဒုတိယအကြီးဆုံးမြို့ ဂွါယာကီက ဆေးရုံတခုမှာ တိုးချဲ့နေရပါတယ်။
အစိုးရတာဝန်ရှိသူတဦးကတော့ ဂွါယာပြည်နယ်တခုတည်းမှာပဲ ကူးစက်ခံရသူဦးရေ ၂၅၀၀ ကနေ ၃၅၀၀ အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။