ဂန္ဒီဆေးရုံနှင့် မြောက်ဥက္ကလာပရှိ နေရာ ၄ ခုကို ပိုးသတ်ဆေးဖျန်း
DVB
·
April 6, 2020
COVID-19 ရောဂါကြိုတင်ကာကွယ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဂန္ဒီဆေးရုံနဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ နေရာ ၄ ခုမှာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ပိုးသတ်ဆေးဖျန်းခဲ့ကြပါတယ်။
ဧပြီ ၅ ရက်က မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းက သန္ဓေနဲ့အရန်မီးသတ် တပ်ဖွဲ့ဝင်တွေ၊ GMW အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြောက်ဥက္ကလာပ မြို့နယ်က (ဂ)ရပ်ကွက်၊ နီလာ(၁)လမ်းတောင်ခြမ်းနဲ့ မြောက်ခြမ်း၊ မေဓာဝီစျေးလမ်းမ၊ မေဓာဝီစျေးတွေမှာ ပိုးသတ်ဆေးဖျန်းခဲ့ကြတယ်လို့ မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
အလားတူ ဗိုလ်တထောင်မြို့နယ်က ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး(ဂန္ဒီဆေးရုံ)မှာလည်း မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်ပြီး သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ပိုးသတ်ဆေးဖြန်းခဲ့ ကြပါ တယ်။