စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
DVB
·
April 6, 2020
မြန်မာနိုင်ငံမှာ ဧပြီ ၄ ရက်ကနေ ၅ ရက်နေ့ ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိပြီး ဆေးရုံတွေက စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားတဲ့ ၅၅ ဦးမှာ COVID-19 ရောဂါပိုး မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအယောက် ၂၀ ထဲက တီးတိန် ပြည်သူ့ဆေးရုံက လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ ၁၁ ဦး၊ ကန်တော်နဒီဆေးရုံက လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးက လူနာ ၁ ဦး၊ လားရှိုးမြို့ပြည်သူ့ဆေးရုံက လူနာ ၁ ဦး၊ ပဲခူးတိုင်းက လူနာ ၄ ဦး၊ စုစုပေါင်း ၁၉ ဦးတို့ရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၁ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၅ ရက်နေ့ညအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦး ထိ ရှိပြီဖြစ်ပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်တွေကို တိကျစွာ လိုက်နာပြီး ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။