Home
မြန်မာသတင်း
COVID-19 ကာကွယ်ရန် ချောက်မြို့မစျေးအတွင်း ၃ ပေအကွာမှ စျေးရောင်းရန် ညွှန်ကြား
DVB
·
April 5, 2020
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ဖို့ ချောက်မြို့မစျေးအတွင်း စျေးသည်တွေအနေနဲ့ စျေးဝယ်တွေကို ၃ပေ အကွာက  ရောင်းချဖို့ ညွှန်ကြားလိုက်တယ်လို့ ချောက်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးစီးမှူး ဦးနေမန်းက ပြောပါတယ်။ “စျေးကို အတွင်းအပြင် သုံးပေကွာက စျေးရောင်းဖို့  ထုံးစည်းတားပေးထားတယ်။ စျေးဝယ်သူကလည်း စည်းအပြင်ကပဲ ဝယ်ရမယ်။ ရောင်းသူကလည်း စည်းအတွင်းက ရောင်းရမှာ စည်းတားပေးထားတာ ပစ္စည်းတွေချဖို့ မဟုတ်ဘူး၊ စျေးကော်မတီနဲ့ စျေးသူစျေးသားတွေကိုလည်း ခေါ်ပြီး အစည်အဝေးလုပ် သတ်မှတ်ထားပြီးဖြစ်လို့ ထုံးစည်းအထိ ပစ္စည်းချရောင်းတာတွေကိုလည်း ရှောင်တခင် ဝင်စစ်လို့ တွေ့ရင် ပစ္စည်းသိမ်းမယ်၊ ဒုတိယအကြိမ်ဆိုရင် ဆိုင်ပိတ်တဲ့အထိ အရေးယူသွားမယ်။”  ချောက်မြို့မစျေးအတွင်း မနေ့ကစလို့ သုံးပေအကွာမှ စျေးရောင်းချဖို့၊ နှာခေါင်းစည်း အသုံးပြုဖို့၊ ဖျားနာမှုရှိလျှင် ရောင်းသူကော ဝယ်သူပါ စျေးမလာဖို့ ညွှန်ကြားထားပြီး သတ်မှတ်ချိန်ထက် ၁ နာရီ စောသိမ်းခိုင်းပြီး နေ့စဉ်ပိုးသတ်ဆေး ဖြန်းသွားမယ်လို့ သိရပါတယ်။ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့ ချောက်မြို့မစျေးကို ဆောင်ရွက်ရာမှာ အပူပိုင်းဒေသဖြစ်တာကြောင့် စျေးဝယ်သူက မနက် ၈ နာရီမှ ၉ နာရီဝန်းကျင်မှာ ဝယ်သူပြုံကျတတ်ပြီး နေခင်းပိုင်းမှာတော့ မရှိသလောက် ရှင်းနေတာကြောင့် မနက်ပိုင်းတွေမှာ စည်ကမ်းတကျဖြစ်နိုင်ရေးဆောင်ရွက်ရာမှာ အခက်အခဲ ရှိနေသေးတယ်လို့လည်း သိရပါတယ်။ စျေးကို ဝယ်သူနှင့် ရောင်းသူ သုံးပေခြားအရောင်း အဝယ်ပြုလုပ်နေပေမယ့် စျေးဝယ်သူချင်းကိုလည်း ၃ ပေခြား ဝယ်ယူမှုလုပ်စေချင်တယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ ချောက်မြို့မစျေးအတွင်းစျေးဝယ်ပေးရန် အခမဲ့ဝန်ဆောင်မှု စေတနာ့ဝန်ထမ်းများ ဆောင်ရွက်နေပေမဲ့ အမှာအားနည်းနေပြီး ကိုယ်တိုင်လာရောက်မှုများနေသေးကြောင်း အခမဲ့ စေတနာဝန်ထမ်း ပရဟိတ အဖွဲ့ထံက သိရပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024