A d v e r t i s e m e n t With Us

အာဖဂန်နှင့် တာလီဘန် ပဋိပက္ခ ပြေလည်ရန်မရှိဟု လေ့လာသူများ သုံးသပ်

အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်တပ်ဖွဲ့တို့ဟာ စားပွဲဝိုင်းထိုင် စေ့စပ်ရေးလုပ်ဖို့ ကြိုးစားနေပေမယ့် နှစ်ဖက်ကြားက ပဋိပက္ခတွေက ပြေလည်ဖို့မရှိကြောင်း နိုင်ငံရေးဆန်းစစ်သူ တဦးက စီစီတီဗွီကို ပြောကြားပါတယ်။  တာလီဘန်တွေဟာ မကြာမီကပဲ အာဖဂန်ရဲ့ ပြည်နယ် ၃၂ ခုက တဝက်လောက်မှာ  လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက် လုပ်ကြံတာတွေ လုပ်ခဲ့ပါတယ်။ အချို့ဆန်းစစ်သူတွေကတော့ အစိုးရဘက်ကနေ တာလီဘန် အကျဉ်းသားငါးထောင်ကို ပြန်လွှတ်ပေးဖို့ နှောင့်နှေးနေတာဟာလည်း တာလီဘန်တပ်ဖွဲ့အတွင်း အမြင်ကွဲပြားမှုတွေ ဖြစ်စေသလို၊ ပဋိပက္ခကိုလည်း တိုးမြင့်စေတယ်လို့ ဆိုပါတယ်။  အမေရိကန်ရဲ့ အာဖဂန် ပြည်တွင်းရေး ဝင်စွက်မှုကလည်း အခြေအနေကို ရှုပ်ထွေးစေတယ်လို့ နိုင်ငံရေးဆန်းစစ်သူ အဇစ်ရာဖီအီးက ပြောပါတယ်။ အမေရိကန်ဟာ တာလီဘန်တပ်ဖွဲ့နဲ့ ဖေဖော်ဝါရီ ၂၉ ရက် မှာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားပေမဲ့ စာချုပ်မှာ အာဖဂန်အစိုးရ မပါဝင်လို့ အမေရိကန်က တာလီဘန်တွေကို ပေးထားတဲ့ ကတိကဝတ်တွေ တော်တော်များများကိုလည်း အာဖဂန်အစိုးရဘက်က မလိုက်နာတာတွေ ရှိနေတယ်လို့ သိရပါတယ်။  ဒီအတွင်း အာဖဂန်အစိုးရနဲ့ အမေရိကန်တို့ ပူးတွဲကြညာချက်တရပ် လက်မှတ်ရေးထိုးထားပေမယ့် ကြေညာချက်က တာလီဘန်တွေနဲ့ ချုပ်ထားတဲ့ စာချုပ်နဲ့ မတူ ကွဲပြားနေတယ်လို့လည်း ရိုက်တာသတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up