ရပ်ထားသည့်ယာဉ်ကို ၁၂ ဘီးယာဉ်ဝင်တိုက်၊ ကားခေါင်းအတွင်းက ယာဉ်မောင်းကို ကယ်ဆယ်
DVB
·
April 3, 2020
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဆရာတော်ကြီးမှတ်တိုင်အနီးမှာ ဒီနေ့မနက် အစောပိုင်းက ညအိပ်ရပ်ထားတဲ့ ၁၈ ဘီးတွဲကား FUSO အား ၁၂ ဘီး ကုန်တင်ကား (အဖြူရောင်) ယာဉ်မှ နောက်က ဝင်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းတွင်း ညှပ်နေတဲ့ ယာဉ်မောင်းကို ကူညီကယ်ဆယ်ပြီး ဆေးရုံ ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်နောက်လိုက် ကားခေါင်းအတွင်းညပ်နေတောကို မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်နဲ့ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ခဲ့ပြီး မြတ်ကုသိုလ်လူမူကယ်ဆယ်ရေးအသင်းက သူနာတင်ယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။