A d v e r t i s e m e n t With Us

ရခိုင်ပဋိပက္ခ အစီရင်ခံစာ တင်မည့်ရက် ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်ပဋိပက္ခ    စုံစမ်းရေးကော်မရှင်ဟာ သမ္မတဆီ အပြီးသတ် အစီရင်ခံစာ တင်မယ့်ရက်ကို မတ် ၃၁ ရက်နေ့ သတ်မှတ်ထားရာကနေ ဧပြီ ၂၃ ရက်နေ့ကို ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ကော်မရှင်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို အစီရင်ခံစာတင်မယ့်ရက် နောက်ဆုတ်လိုက်ရတာဟာ ရေးသားပြီးစီးနေပြီဖြစ်တဲ့ အစီရင်ခံစာပါ အကြောင်းအရာတချို့ဟာ ရခိုင်ပြည်နယ် နယ်နိမတ်ကို ကျော်လွန်ဆက်စပ်နေတဲ့ ကိစ္စတွေ ဖြစ်နေလို့ အစီရင်ခံစာ မတင်မီ အစိုးရအဖွဲ့နဲ့ ကြိုတင် တင်ပြဆွေးနွေးလိုတာကြောင့်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေဟာ သမ္မတနဲ့ တွေ့ဆုံလိုကြောင်း တင်ပြထားပြီး အစီရင်ခံစာကို သင်္ကြန်အပြီး ဧပြီ ၂၃ ရက်မှာ တင်ပြမယ်လို့ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up