A d v e r t i s e m e n t With Us

မြောက်ကိုရီးယားဘက်က ရန်စထိပါးလာရင် အပြင်းအထန် တုံ့ပြန်သွားမည်ဟုဆို

ေတာင်ကုိရီးယားတပ်များ စစ်ေရးေလ့ကျင့်ေနစဉ် (ဓာတ်ပံု- ရိုက်တာ)
မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကို ရန်စထိပါးလာရင် ဘယ်လိုနိုင်ငံရေး အကျိုးဆက်တွေ ဖြစ်လာပါစေ ဂရုမစိုက်တော့ဘဲ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေတဲ့ အခြေအနေကို ရောက်နေပြီလို့ မြောက်ကိုရီးယားဘက်က စနေနေ့က ပြောကြားခဲ့ပါတယ်။ [caption id="attachment_37997" align="alignleft" width="300" caption="တောင်ကိုရီးယားတပ်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption] တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံနဲ့ ပြုလုပ်နေဆဲ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေရဲ့ အစိတ်အပိုင်းအဖြစ် F-22 အဆင်မြင့် တိုက်လေယာဉ်တွေကို တောင်ကိုရီးယားနိုင်ငံဆီ မတ် ၃၁ ရက်နေ့က ပေးပို့လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ မတ် ၃၁ ရက်နေ့က မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံလိုင်း ကေအာတီ ကနေ အမေရိကန်ဆန့်ကျင်ရေးနဲ့ တောင်ကိုရီးယားဆန့်ကျင်ရေး ဆိုင်းဘုတ်တွေကို ကိုင်ထားတဲ့ မြောက်ကိုရီးယား စစ်သားတွေ ပြည်နယ် ၃ ခုမှာ စစ်ချီနေတာကို  ပြသခဲ့ပါတယ်။ အမေရိကန် တပ်တွေနဲ့ တောင်ကိုရီးယားတပ်တွေ စစ်ရေးလေ့ကျင့်မှုစတင်တဲ့ မတ်လ ၁ လလုံးမှာ မြောက်ကိုရီးယားဘက်က နေ့တိုင်းလိုလို စစ်ရေးခြိမ်းခြောက်မှုတွေကို ပြုလုပ်လာတာပါ။ ၁၉၅၀-၁၉၅၃ ကိုရီးယားကျွန်းဆွယ် စစ်ပွဲမှာ  ငြိမ်းချမ်းရေးသဘောတူညီချက်ကို လတ်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးတဲ့အတွက် တောင်နဲ့ မြောက်ကိုရီးယားတို့ ကြားမှာ စစ်ဖြစ်ပွားနေတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ ဒီနေ့ မနက်အစောပိုင်းအထိ မြောက်ကိုရီးယားဘက်အခြမ်းမှာ ဖွင့်ထားတဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စက်မှုဇုန်ဆီကို တောင်ကိုရီးယားဘက်အခြမ်းက အလုပ်သမားတွေ သွားနေတုန်းဖြစ်ပြီး စက်မှုဇုန်ကို ပိတ်ပစ်မယ်လို့ ပြောနေပေမယ့် မြောက်ကိုရီးယားက အခြေအနေတွေ ပုံမှန်ပဲလို့ အလုပ်သမားတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up