လူနာအမှတ် ၁၆ နေထိုင်သည့် နီလာ ၁ လမ်းနှင့် နေအိမ်အဆောင်ကို ပိုးသတ်ဆေးဖျန်း (ဓာတ်ပုံ)
DVB
·
April 2, 2020
ကိုဗစ် -၁၉ အတည်ပြု လူနာအမှတ် ၁၆ နေထိုင်တဲ့ နီလာ ၁ လမ်းနဲ့ နေအိမ်အဆောင်အား ဧပြီ ၁ ရက်နေ့ ညပိုင်းက ပိုးသတ်ဆေးဖျန်းခဲ့တယ်လို့ သိရပါတယ်။
လူအမှတ် ၁၆ ဟာ မတ်လ ၁၅ ရက်က ဒူဘိုင်းမှပြန်လာတဲ့ သားဖြစ်သူကို ရန်ကုန်လေ ဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပြီးနောက် မတ်လ ၃၀ ရက်က ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်လာကာ မတ်လ ၃၁ ရက်မှာ မြောက်ဥက္ကလာပဆေးရုံကြီးကို သွားရောက်ပြသခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ အသက် (၆၃) နှစ်အရွယ် အဆိုပါအမျိုးသမီးဟာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ကဖြစ်ပြီး သားနဲ့တူ နယ်ကိုမပြန်ဘဲ မြောက်ဥက္ကလာပမြို့နယ်မှာ ခေတ္တ တည်းခိုနေထိုင်ခဲ့တာလို့ ဆိုပါတယ်။
Photo - Ye Myo Khant / MPA