Home
မြန်မာသတင်း
လွိုင်ကော်မြို့က သီရိမင်္ဂလာဈေးစပိတ် 
နော်နိုရင်း
·
April 2, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့က သီရိမင်္ဂလာဈေးကို ဒီကနေ့ စပိတ်ထားလိုက်ပြီး ဈေးပြင်မှာ ရောင်းချသူတွေရှိတဲ့အတွက် မရောင်းဖို့ အသိပေးတာနဲ့ ဈေးတွင်းဆေးဖျန်းတာတွေ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လုပ်ဆောင်ပေးနေပါတယ်။ နေ့စဉ်ဖွင့်တဲ့ ဈေးတွေကို တပတ်မှာ ၃ ရက်သာဖွင့်လှစ်ရောင်းချဖို့ ကယားပြည်နယ်အစိုးရက ထုတ်ပြန်ပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID–19 ကာကွယ်ရေးအတွက် ကယားပြည်နယ်ထဲက နေ့စဉ်ဈေးတွေအားလုံး တပတ်ကို ၃ ရက်ပဲ ဖွင့်လှစ်ဖို့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးက မနေ့က ထုတ်ပြန်ခဲ့ပြီးနောက်  ခုလို သီရိမင်္ဂလာဈေးကို ပိတ်ထားလိုက်တာပါ။ ဧပြီ ၃၀ ရက် အထိ နေ့စဉ်ဈေးအားလုံး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ စနေ‌နေ့တွေမှာပဲ ဖွင့်လှစ်ဖို့နဲ့ ကျန်ရက်တွေကို ဆေးဖျန်းမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ လိုက်နာကြဖို့လည်း  ပြည်နယ်အစိုးရက အသိပေးကြေညာထားပါတယ်။ အသီးအနှံရောင်းတဲ့ဈေးသည်တဦးကတော့ ရောဂါကြောင့် ဒီလိုအမိန့်စာထုတ်ပြန်လုပ်ဆောင်တာဖြစ်ပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ သူအနေနဲ့ ဒီလို ရက်ကြာလာရင် မိသားစု စားဝတ်နေရေးအတွက်အခက်အခဲဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။  “ကျနော်တို့မိသားစုက စားစရိတ် တရက် ကျပ် ၁၀၀၀၀ ရှိတယ်။ ဈေးက တပတ် ၄ ရက်ပိတ်တော့ ကျပ် ၄၀၀၀၀ ကတော့ အိမ်က စိုက်ရပြီ။ ရက်ရှည်လာရင်မတတ်နိုင်တော့ဘူး။ ခဏတဖြုတ်တော့ စိုက်လို့ရတယ်။ ” လွိုင်ကော်မြို့မှာ နေ့စဉ်ဈေးတွေဖြစ်တဲ့  သီရိမင်္ဂလာဈေး (တောင်ဈေး) နဲ့ နှစ်ထပ်ဈေးကို တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ နေ့ (၃) ရက်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024