COVID-19 လူနာကု ဆေးရုံများအတွက် အသက်ရှူကိရိယာပုံစံ ၂ မျိုး ဂျာမန်သိပ္ပံပညာရှင် ဖန်တီး

Reuters
2.1K
ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေမှာ အထောက်အကူရမယ့် အသက်ရှူကိရိယာပုံစံ နှစ်မျိုးကို ဂျာမန် မားဘတ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက ဖန်တီးလိုက်ပါတယ်။
တစ်ခုကတော့ သမားရိုးကျ လက်နဲ့ ဖိနှိပ် လေသွင်းစနစ်ပေါ် အခြေခံပြီး နောက်တစ်ခုကတော့ ခေတ္တအသက်ရှူရပ်တာကို ကုသတဲ့ ကိရိယာပေါ် အခြေခံထုတ်လုပ်ထားတာပါ။
သမားရိုးကျ ပုံစံပေါ်မှာ ဖြည့်စွက်ကိရိယာတပ်ပြီး အသက်ရှူစက်အဖြစ် အသုံးပြုနိုင်စေဖို့ ဒုတိယတစ်ခုကို ထပ်တိုးပြင်ဆင်တာတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ကိရိယာ နှစ်ခုစလုံးကို မြန်မြန်ဆန်ဆန် စရိတ်အလွန်သက်သာစွာ ထုတ်လုပ်နိုင်ပြီး ပုံမှန် အသက်ရှူစက်ကြီးတွေ ထားဖို့ လုံလောက်တဲ့ နေရာ မရှိတဲ့ ဆေးရုံတွေမှာ အသုံးပြုလို့ရပါတယ်။
ဒါပေမဲ့ အသက်ရှူရ အလွန်ခက်ခဲပြီး ပြင်းထန်ဆိုးရွားတဲ့ COVID-19 လူနာတွေကို ဒီကိရိယာတွေနဲ့ အဓိကထား ကုသ ပေးလို့တော့ မသင့်တော်ဘူးလို့ ပါရဂူဘွဲ့ကျောင်းသူ ကယ်ရိုလင်းက ပြောခဲ့ပါတယ်။
ဒီကိရိယာတွေက တကယ့်အသက်ရှူစက်ကြီးတွေလောက် စွမ်းဆောင်ရည် သိပ်မမြင့်မားဘူးလို့လည်း ကယ်ရိုလင်းက ဖြည့်စွက် ပြောပါတယ်။