A d v e r t i s e m e n t With Us

ချောက်မြို့ ပြည်သူ့ဆေးရုံတွင်  Hospital Quarantine လူနာ ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ပြည်သူ့ဆေးရုံကို အသက် ၃၀ အရွယ် အမျိုးသား လူနာ တဦး ဒီကနေ့ မတ်လ ၃၁ ရက် မနက်ကရောက်ရှိလာပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်စစ်ဆေး  Hospital Quarantine လုပ်ထားစဉ် မွန်းလွဲ ၃ နာရီလောက်မှာ သေဆုံးသွားတယ်လို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ “ကုသဖို့ လမ်းညွှန်ချက် ထွက်ထားတဲ့ အထဲက အေဘီစီ ထဲမှာ စီထဲမှာဝင်ပါတယ်။ Hospital Quarantine လူနာ မနက်ပိုင်းက ရောက်လာပြီးတော့ ဆေးရုံကိုလာကတည်းက သတိလစ်၊ ဖျားနာ ၊ အော့အန်နေတာ လိုအပ်တဲ့ လုပ်ငန်းတွေ လုပ်တယ်။ အထက်အဆင့်ကို သတင်းပို့ထားတယ်” လို့ ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ချောက်မြို့မှာနေထိုင်သူဖြစ်ပြီး COVID-19 ဖြစ်ပွားရာဒေသတွေကို ခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသလို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဦးခေါင်း ခွဲစိပ်ကုသမှုခံယူခဲ့ရဖူးပါတယ်။ သေဆုံးသူမှာ COVID-19 ရောဂါ ရှိ မရှိသိရဖို့  အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမှာဖြစ်ပြီး သူနဲ့အတူနေတဲ့ မိသားစုလေးဦးကိုလည်း Home Quarantine ထားရှိဖို့  စီစဉ်နေပါတယ်။   သတင်း- ကိုလင်း(ချောက်)

A d v e r t i s e m e n t With Us

More News
Up