A d v e r t i s e m e n t With Us

ကိုရိုနာကပ်ဘေးကာလ မျက်နှာအကာအကွယ်ဖြင့် ဆွမ်းခံထွက်နေကြသည့် ထိုင်းဘုန်းကြီးများ(ဓာတ်ပုံ)

လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရင်ဆိုင်နေကြရတဲ့ ကိုရိုနာ COVID-19 ဗိုင်း ရပ်စ်ကူးစက်ပျံ့ပွားမှုဟာ ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီးနောက်မှာတော့ အားလုံးက ဒါကို အလေးထားဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြရပါတယ်။ သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးသတိပေး ချက်တွေအတိုင်း တကိုယ်ရေ သန့်ရှင်းမှုအပါအဝင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေကို တားမြစ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာသာသနာထွန်းကားတဲ့ ထိုင်းနိုင်ငံမှာတော့ ဘုန်းကြီးတပါး ဖြစ်တဲ့ ဖရာမဟာ ဆွန်ကီရက်ရန်ဆွတ်သိုနဲ့ နောက်လိုက်သံဃာတွေဟာ မျက်နှာကာ ဒိုင်း(Face Shield)တွေ တပ်ဆင်ကာ ဆွမ်းခံကြွချီခဲ့ကြတာကို သည်နေးရှင်းသတင်းက ဖော်ပြခဲ့ပါတယ်။ အဆိုပါ မျက်နှာကာဒိုင်း(Face Shield) ပြုလုပ်ပုံကို သူက အင်တာနက်ပေါ်မှတ ဆင့် လေ့လာသင်ယူခဲ့ပြီး ကုန်ကျစရိတ် ဘတ် ၂၀ အောက်သာ ရှိတာမို့ ကျောင်းမှ ကိုယ် တော်တွေ အားလုံးအတွက် ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။  လတ်တလောအချိန်ထိ ကမ္ဘာတလွှား ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၇၈၅,၈၀၇ ယောက်၊ သေဆုံးသူ ၃,၇၈၂၀ ယောက်ရှိနေပြီး ပြန်လည် နေကောင်းသက်သာလာသူ ၁၆၅,၆၅၉ ယောက်ရှိနေပြီဖြစ်တယ်လို့ Worldometers ဝက် ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဒီကနေ့အထိ  ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရ သူ ၁,၅၂၄ ယောက်ရှိနေပြီး  ၉ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကိုးကား- The Nation Thailand

A d v e r t i s e m e n t With Us

More News
Up