A d v e r t i s e m e n t With Us

လွှမ်းပိုင်ရဲ့ခပ်ကြမ်းကြမ်း ကိုရိုနာဗိုင်းရပ်စ်ပညာပေးသီချင်း (ရုပ်သံ)

“လက်ဆေးလက်ဆေးပဲအော်မနေကြနဲ့… ပရိတ်သတ်ကိုချစ်တယ်ဆိုရင် အပိုတွေ မပြနဲ့… ကိုယ်တိုင်ကပါဝင်မကူညီကြပဲ ပွဲတွေမှာသီချင်းတွေကိုဆိုနေကြဆဲ… ခက်တာ က အချို့တွေက အသက်တွေသာကြီးလာတာ… ဦးနှောက်ကမပွင့်သေးဘူး… ပြောလိုက် ရင် ဖြစ်သေးဘူးဖြစ်သေးဘူးဆိုပြီးတော့ ကာကွယ်မယ်တားဆီးမယ်မပြင်သေးဘူး”        ဒါကတော့ နာမည်ကြီး လူငယ်ရက်ပ်ပါ အဆိုတော်တယောက်ဖြစ်တဲ့ လွှမ်းပိုင်ရဲ့ ရက်ပ်တေးသွားတွေဖြစ်ပြီး လတ်တလော ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ကာကွယ်ရေးမှာ ပြည်သူတွေပါဝင်ကြဖို့ အသိပေးနှိုးဆော်ထားတဲ့ ရုပ်သံထဲမှာ သီဆိုထားခဲ့တာပါ။        လွှမ်းပိုင်လို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက မြန်ဆန်လွန်းတဲ့ ရက်ပ်ရွတ်သံတွေ နဲ့ သူ့သီချင်းတွေကို တွဲပြီး မြင်ယောင်မိကြမှာပါ။ သူကတော့ ကျောင်းသားဘဝတည်းက သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို လုပ်နေရင်းကနေ ဂီတလောကထဲကို ခြေချခဲ့ပြီး အောင်မြင်မှုရရှိလာခဲ့သူ ဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ အနေနဲ့ ဂီတစာဆို လွှမ်းပိုင်၊ ဂီ တဗေဒစတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး ကြွေ၊ ငါ့ကိုနမ်းတဲ့ မုန်တိုင်း၊ ကိုယ်စောင့် နတ်စတဲ့ ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးလက်ခံမှုတွေ ရရှိ ထားခဲ့သူ ဖြစ်ပါတယ်။ “ဒုက္ခပါပဲဗျာ ပြောရရင် ကျွန်တော်တို့မြန်မာတွေက ခက်တယ်… ဆေးထိုးဆေး သောက်နဲ့ပျက်တယ်ဆိုလဲမပြောဘူး… ဒါကအသက်အန္တရာယ် တချို့ပညာတော့ တတ် တယ်… မောဟနဲ့အတ္တကကြီးနေတော့ခက်တယ်… တာဝန်နဲ့ဝတ္တရားပျက်ကွယ် ဧည့် သည်လုပ်ပြီး အိမ်ရှင်ကိုသတ်တယ်…  မင်းတယောက်ထဲဖြစ်ပြီးတော့ မင်းတယောက် တည်း သေသွားတာဘာမှအရေးမကြီးဘူး… မင်းအဖေ မင်းအမေ မင်းညီမ မင်းအမျိုး တွေ အကုန်လုံးပါကူးသွားမှာ…မအေပေးအရူး… ဒါတွေကို ဂရုမစိုက်မသေသေးဘူးဆိုပြီး … သေရည်လေးမူးနေတဲ့ မအေပေးတစုကိုလည်း ပြောချင်တာ မင်းတို့တွေ သေရည် လေးမူးယုံနဲ့ ရောဂါလည်းမကာကွယ်နိုင်ဘူး… မအေပေးငမူး” ဒီရက်ပ်ပ်သီချင်းရုပ်သံကတော့ Naung Naung အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တယောက်ရဲ့ Challenge ကို ပြန်လည်တုံ့ပြန် ရက်ပ်ရွတ်ပြခဲ့တာပါ။ တွေးချိန်ဆစရာ၊ သတိပြုစရာ စာသားတွေနဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖေ့စ်ဘွတ် ခ်ပေါ်မှာ ပရိသတ်တွေက ချီးကျူးမှတ်ချက်တွေရေးသားတာတွေ ပြုလုပ်နေတာတွေ ရှိသ လို၊ ပြန်လည်မျှဝေတာတွေလည်း ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ “ပြောချင်တာရိုးရိုးလေးဗျာ… တိုင်းပြည်ကဆင်းရဲတယ် စည်းလုံးပေးပါ…  ဒီချိန် မှာ ပါတီကွဲ ဘာညာတွေ စမာကလာတွေ အာပလာတတွေ လာအာရင်... ချီးတုန်း ကြွေးမှာ ပြည်သူတွေအကုန်လုံးလည်း စည်းလုံးပေးပါ… အစိုးရတွေ အကုန်လုံးလည်း စည်းလုံးပေးပါ… ပြောရရင် အနီတွေကော အစိမ်းတွေကော အဝါတွေကော အပြာတွေ အရေးကြီးအခုဒါကတပြည်လုံးအရေးပါ… အရေးကြီးတာ နောက်တခုက ဖွဘုတ်ပေါ် ရှိနေတဲ့ အောကားမျှသုံးစားမရ တချို့ Media များ… ပလီပလာ မရေမရာ ပေတရာ စ ကားတွေကို တင်နေတာ Media လား… နောက်ပြီး စီးပွားဖြစ်အောင် ရှာဖွေလောဘ တက်နေကြတဲ့ လောဘသမားတွေတွက်… ငါ့ဘက်ကနေဒီလိုကြေညာစကား မင်းတို့ ဘက်ကနေ စပြင်မှာလား… ငါတို့ပြည်သူတွေဝိုင်းကင်ရမလား” လက်ရှိမှာတော့ လွှမ်းပိုင်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှ ဝေထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up