Homeမြန်မာသတင်း
ဒလမြို့နယ်တွင် မင်္ဂလာပွဲကျင်းပခဲ့သည့် သတို့သား ၂ ဦးကို ခံဝန်လက်မှတ်ထိုးစေပြီး သတိပေး
ဒလမြို့နယ်တွင် မင်္ဂလာပွဲကျင်းပခဲ့သည့် သတို့သား ၂ ဦးကို ခံဝန်လက်မှတ်ထိုးစေပြီး သတိပေး
အာကာ
·
March 31, 2020
ရန်ကုန်တိုင်း ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှာ မတ်လ ၂၉ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာနဲ့ပတ်သက်လို့ သတို့သား ၂ ဦးကို ခံဝန်လက်မှတ်ထိုးပြီး သတိပေးလိုက်တယ်လို့ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောပါတယ်။
ဦးယဉ်ထွေးက “မင်္ဂလာဆောင်ကိစ္စနဲ့ ပတ်သက်လို့ အရေးယူဖို့ ရဲစခန်းကိုပါ ခေါ်လာတယ်။ ဒါပေမယ့် အထက်အဆင့်ဆင့်ကို တင်ပြတဲ့အခါ ဒီကာလမှာ ခံဝန်နဲ့ သတိပေးတာ အကောင်းဆုံး နည်းလမ်းလို့ ညွှန်ကြားတဲ့အတွက် အခုလို သတိပဲပေးလိုက်ပါတယ်။ဆက်ပြီးတော့လည်း ဒေသန္တရအမိန့်နဲ့ ဥပဒေတွေကို ပြည်သူတွေ သိအောင် အသိပေးထားမှာပါ။ မလိုက်နာရင်တော့ အရေးယူတော့မှာဖြစ်ပါတယ်” လို့ပြောပါတယ်။
ဒလမြို့နယ်မှာ COVID - 19 ကြောင့် လူစုလူဝေးအခမ်းအနားတွေကို ဧပြီ ၃၀ ရက်အထိ ကျင်းပတာမျိုးမလုပ်ဘဲ ရပ်ဆိုင်းထားဖို့ ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၆ ရက်က ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တမူးမြို့နယ်မှာ ဒေသန္တရ အမိန့်ကိုမလိုက်နာဘဲ လူစုလူဝေးနဲ့ မင်္ဂလာပွဲကျင်းပခဲ့သူကို တရားစွဲဆိုခဲ့ပါတယ်။