Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့်မြို့နယ်က COVID-19 ကူးစက်ခံလူနာ သေဆုံး
DVB
·
March 31, 2020
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁ လမ်းမှာနေထိုင်တဲ့  COVID-19 ကူးစက်ခံရတဲ့ လူနာအမှတ် ၅ ဟာ ဒီနေ့ မနက်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ အသက် ၆၉  နှစ်အရွယ် အဲ့ဒီလူနာဟာ နှာခေါင်းကင်ဆာနဲ့ ဩစတြေးလျမှာ တလလောက်ကုသမှုခံယူခဲ့ပြီး စင်ကာပူကတဆင့် မြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။  မတ်လ ၂၇ ရက် နေ့မှာ သူ့ကို ပိုးတွေ့ရှိတယ်လို့အစိုးရက ကြေညာခဲ့တာပါ။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ  COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီး ကူးစက်ခံရသူတွေထဲက ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။ လူနာအမှတ် ၅ နဲ့ ထိတွေ့ခဲ့သူ   လူနာအမှတ် ၁၀ ကတော့ လက်ရှိ ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူ နေဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024