Home
အနုပညာ
ဖြိုးပြည့်စုံ၊ မိစန္ဒီတို့ သီဆိုသည့် “ကမ္ဘာ့ အပြင်သွားပါ ကိုရိုနာ’ပညာပေးသီချင်း(ရုပ်သံ)
DVB
·
March 30, 2020
“လက်ကို ခဏခဏဆေးပါ… လူစုလူဝေးရှောင်ရှားပါ… နှာစေးချောင်းဆိုးရင် အုပ်ထားပါ… ကိုယ့်ကြောင့်ကူးစက်သွားမှာ… ဒါလုံးဝလုံးဝမကောင်းပါ… မိမိကစ ကာ ကွယ်ပါ” ဒါကတော့ လတ်တလော ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်လာနေတဲ့ ကိုရိုနာ COVID- 19 ကပ်ရောဂါ ကာကွယ်တားဆီးရေး ပညာပေးသီချင်းတပုဒ်ထဲက စာသားတွေဖြစ်ပြီး အဆိုတော် ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့က စုံတွဲသီဆိုပေးထားကြတာ ဖြစ်ပါတယ်။ “Away Corona"-"ကမ္ဘာ့ အပြင်သွားပါ ကိုရိုနာ"လို့ အမည်ပေးထားတဲ့ ဒီသီချင်း ကိုတော့ တေးရေး Dr.ဖြိုးဝေလင်း(OnDoctor)က ရေးစပ်ပေးထားခဲ့ပြီး ရက်ပ်စာသား တွေကိုတော့ မိစန္ဒီက ရေးစပ်ခဲ့တာပါ။ “မျက်လုံး၊ နှာခေါင်းနဲ့ မျက်နှာ… ပါးစပ်ရဲ့ ဟိုးအဝေးမှာ လက်ကို ငြိမ်ငြိမ်ထားပါ … ကိုယ့်ကို ကူးစက်သွားမှာ… ဒါလုံးဝလုံးဝမကောင်းပါ… COVID-19 ဟာ တကယ် ကြောက်စရာ… အာအာ… အာအာ… အာအာ… လက်ဆေးပါ… အားလုံး အားလုံး အား လုံး လက်ဆေးပါ… ဒီလိုဒီလို ဒီကို အုပ်ထားပါ… ဒီကမ္ဘာမြေက ထွက်သွားပါ ကိုရိုနာ” ဒီသီချင်းရုပ်သံကိုတော့ OnDoctor Healthcae App နဲ့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းစီစဉ်တာဖြစ်ပြီး COVID-19 ကပ်ရောဂါဆိုးအတွက် ကာကွယ် ရေး နည်းလမ်းတွေကို ပြည်သူလူထုကြား ပိုမိုပျံ့နှံ့ရောက်ရှိစေဖို့ ရည်ရွယ်တာ ဖြစ်ပါ တယ်။ ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်နေတဲ့ ကိုရိုနာ COVID-19 ကူးစက်မှုဟာ မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ ၁၀ ဦး တွေ့ရှိထားခဲ့ပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာကလည်း ဒီရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ လူစု လူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ ရှောင်ကြဉ်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အ ချိန်နဲ့ တပြေးညီသတင်းထုတ်ပြန်ချက်တွေကို သတိပြုကြဖို့နဲ့ ကျန်းမာရေး၊ အသိ၊ သတိ ရှိကြစေဖို့ ကြေငြာချက်တွေ အဆက်မပြတ်ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024