မော်တော်ယာဉ်ရပ်နားစခန်းအားလုံးရှိ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်ရောင်းရန် ညွှန်ကြား

Photo : Ministry of Construction
2.2K
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က မော်တော်ယာဉ်ရပ်နားစခန်းအားလုံးက စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက မနေ့က ညွှန်ကြားလိုက်ပါတယ်။
မတ် ၂၉ ရက် ဒီနေ့ကစလို့ အဲဒီလိုရောင်းရမှာဖြစ်ပြီး အမြန်လမ်းမှာ ကားတွေ သွားလာတာကို ပုံမှန်အတိုင်း ခွင့်ပြုထားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ဆိုပါတယ်။
ပြီးတော့ အမြန်လမ်းမကြီးတလျှောက် ခရီးသွားလာနေတဲ့ ပြည်သူတွေ အပေါ့အလေး ကျန်းမာရေး ကိစ္စတွေ ဖြေရှင်းဖို့အတွက် ရဲစခန်း ၁၆ ခု၊ ရဲကင်း ၄၂ ခုမှာ အသင့်ပြင်ဆင်ထားရှိတယ်လို့လည်း ဆိုပါတယ်။