DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ကျန်းမာရေး သတင်း

ရန်ကုန်-ချောက် အမြန်ယာဉ်ပေါ်တွင် ဖျားနာသူနှစ်ဦး ပါလာသဖြင့် ကျန်းမာရေးစစ်ဆေး

  • By DVB
  • 29 March 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မကွေးတိုင်း၊ ချောက်မြို့မှာ မတ်လ ၂၈ ရက်နေ့ ညနေ ၆ လောက်က ရန်ကုန်-ချောက် ခရီးသည်တင်ယာဉ်တစီးပေါ် ဖျားနာသူ အမျိုးသား နှစ်ဦး လိုက်ပါလာကြောင်းသတင်းအရ  ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ချောက်မြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး မြို့နယ်ဆရာကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။

“အဖျားက ၁၀၀ မကျော်ပါဘူး။ သူတို့ရဲ့ နေရပ်လိပ်စာတောင်းပြီး ပြန်လွှတ်လိုက်တယ်၊ ကျောက်ပန်းတောင်းမြို့က။ ဖျားလို့ဆိုပြီး မြို့နယ်အထွေထွေအုပ်ရေးမှူးဆီ လှမ်းပြောတာ။ ဥက္ကဋ္ဌကတဆင့် အဆက်အသွယ် သတင်းရတာပါ။”

မြသရဖူ မှန်လုံအမြန် ယာဉ်ပေါ် ဖျားနာနေတဲ့ အမျိုးသားနှစ်ဦးက ကိုယ်အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ကျော်လွန်ခြင်း မရှိကြောင်း၊ ချောင်းဆိုး၊ နှာဆေး၊ အသက်ရှူလမ်းကြောင်း အသက်ရှူကြပ်ခြင်း စတဲ့ သံသယလက္ခဏာတွေလည်း မရှိတဲ့အပြင် ပြည်ပနိုင်ငံတွေက ပြန်လာသူတွေမဟုတ်ဘဲ ချောက်မြို့နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ နေထိုင်သူတွေလို့ ဆိုပါတယ်။

အဆိုပါ ဖျားနာသူ ၂ ဦးအပြင် ယာဉ်ပေါ်လာသူ ၄၄ ဦးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကိုလည်း  မြို့နယ်တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနက အပူချိန်တိုင်းတာနဲ့ မှတ်တမ်းယူတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဝေးပြေ မော်တော်ယာဥ်လိုင်းများအနေနဲ့ ယာဉ်မထွက်မီနဲ့ဆိုက်ရောက်ပြီး ချိန်တွေမှာ ဆေးဖျန်းတာတွေ လုပ်နေသလို ယာဉ်ပေါ်ပါ ခရီးသည်တွေကို ယာဉ်ပေါ်မတက်မီနဲ့ ထမင်းစားနားချိန်တွေမှာ လက်ဆေးခိုင်းတာတွေ ဆောင်ရွက်ခိုင်းနေတယ်လို့ မြသရဖူ ယာဉ်လိုင်း ဂိတ်ပိုင် ဦးသိန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၈ ဦးအထိ ရှိလာပြီးနောက် ချောက်မြို့နဲ့ ဆိပ်ဖြူမြို့တို့မှာ နိုင်ငံခြားက ပြန်လာသူတွေကို စောင့်ကြည့်နေပြီး စာရင်းပေးဖို့ ပျက်ကွက်ပါက အရေးယူသွားမယ်လို့ သိရပါတယ်။

Tags: ချောက်ဖျားနာသူရန်ကုန်အမြန်ယာဉ်

  • Previous story ဂျော်ဒန်တွင် အသွားအလာကန့်သတ်မှု ညွှန်ကြားချက်ကို ပြည်သူများ လိုက်နာ
  • Next story အင်းစိန်က Covid-19 စောင့်ကြည့်လူနာ ကျောက်ဖြူမြို့နယ်ထဲကို တိမ်းရှောင်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု ဆိုင်းငံ့ရန် တရုတ်ကျန်းမာရေးပညာရှင်များ တိုက်တွန်း
    • 04 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 05 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 01 လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
    • 02 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
    • 04 ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း
    • 05 ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ‌၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
    • 01 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.