Homeမြန်မာသတင်း
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ကွမ်းယာဆိုင်နှင့် အသုပ်ဆိုင်များ ပိတ်သိမ်းရန် ညွှန်ကြား
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ကွမ်းယာဆိုင်နှင့် အသုပ်ဆိုင်များ ပိတ်သိမ်းရန် ညွှန်ကြား
DVB
·
March 28, 2020
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်အတွင်း ရောင်းချနေတဲ့ ခေါက်ဆွဲဆိုင်၊ အသုပ်မျိုးစုံဆိုင်နဲ့ ကွမ်းယာဆိုင်တွေအားလုံး ပိတ်သိမ်းပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မတ်လ ၂၈ ရက်က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ဈေးရောင်းသူတွေနဲ့ ဝယ်သူတွေအနေနဲ့လည်း အနည်းဆုံး ၃ ပေ အကွာကနေသာ ရောင်းချပေးဖို့ ညွှန်ကြားစာမှာ အသိပေးထားပါတယ်။
ရန်ကုန်စည်ပင်နယ်နိမိတ်မြို့နယ်တွေရှိ စားသောက်ဆိုင်တွေမှာလည်း ဆိုင်မှာ ထိုင်စားခွင့် မပြုတော့ဘဲ ပါဆယ်နဲ့သာ ဝယ်ယူဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံကနေ စုံစမ်းသိရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၈ ဦးတွေ့ရှိပြီး နောက် ခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။
အလားတူ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာလည်း လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအနေနဲ့ ပါဆယ်နဲ့သာ ရောင်းချကြဖို့ ညွှန်ကြားထားပါတယ်။