သမ္မတဦးဝင်းမြင့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံ ပြန်စာပို့
DVB
·
March 27, 2020
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ မြန်မာသမ္မတ ဦးဝင်းမြင့်ထံကနေ အကြောင်းပြန်စာ မတ်လ ၂၅ ရက်က လက်ခံရရှိတဲ့အကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အခါသမယ အတွက် ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း ကင်ဂျုံအန်းက သဝဏ်လွှာပေးပို့တဲ့ အပေါ်မှာ မြန်မာ သမ္မတက ကျေးဇူးတင်တဲ့အကြောင်း အကြောင်းပြန်လာတာလို့ ဆိုပါတယ်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အနာဂတ်မှာ တဖြည်းဖြည်း ဆက်လက် တိုးတက်လာမယ်လို့ ယုံကြည်တဲ့အကြောင်းလည်း မြန်မာသမ္မတရဲ့ အကြောင်းပြန်စာမှာ ပါရှိတယ်လို့ KCNA သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ-AP