အင်္ဂလန်ကပြန်လာသူ COVID-19 စစ်ဆေးရန် လက်မခံသဖြင့် ရဲအကူအညီဖြင့်စစ်ဆေးခဲ့ရ
DVB
·
March 25, 2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ အင်္ဂလန်က ပြန်လာ တဦးကို စစ်ဆေးဖို့သွားရောက်ရာမှာ လက်မခံတဲ့အတွက် ရဲအကူအညီနဲ့စစ်ဆေးခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောပါတယ်။
အသက် ၃၆ နှစ်အရွယ် အဲဒီအမျိုးသားဟာ အင်းစိန်မြို့နယ်မှာတွေ့ခဲ့တဲ့COVID-19 အတည်ပြုလူနာနဲ့အတူ လေယာဉ်တစ်စီးတည်း စီးပြန်လာသူဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီး နေအိမ်အတွင်းမှာ အစောင့်အကြပ်နဲ့အတူ ၁၄ ရက်သီးသန့်စောင့်ကြည့်သွားမယ်လို့ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၃ ဦးရှိနေပြီး ၂ ဦးက အင်္ဂလန်ကပြန်လာသူတွေဖြစ်ပြီး ကျန်တဦးကတော့ အမေရိကန်က ပြန်လာသူဖြစ်ပါတယ်။
ထက်ဝေအောင်