ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့စေသည့် ဗဟိုချက်မသစ် အမေရိကန် ဖြစ်လာဖွယ်ရှိ

3.4K
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြားခဲ့သလို အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံ့စေတဲ့ ဗဟိုချက်မသစ် ဖြစ်လာဖွယ်ရှိတယ်လို့ နယူးယောက် မြို့တော်ဝန်က မတ် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
နယူးယောက် မြို့တော်ဝန် ဘီလ်ဒီဘလာဆီယိုက သူတို့ဟာ ဗဟိုချက်မ မဖြစ်လိုပေမယ့် သူတို့ဟာ ဒီနိုင်ငံ ကပ်ရောဂါအတွက် ဗဟိုချက်မ ဖြစ်နေတယ်လို့ ပြောပါတယ်။
နယူးယောက်မြို့မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄,၇၇၆ ဦး ရှိပြီး ဒီကနေ့အထိ သေဆုံးသူ ၁၃၁ ဦး ရှိပါတယ်။
မတ် ၂၅ ရက် Worlometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၄,၀၀၀- ကျော်ရှိပြီး သေဆုံးသူ ၇၈၂- ဦး ရှိပါတယ်။
ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၉၇ ခုမှာ စုစုပေါင်း ကူးစက်ခံရသူ ၄၂၂,၉၄၁ ဦး ရှိလာပြီး စုစုပေါင်း သေဆုံးသူက ၁၈,၉၀၇ ဦး ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူ အရေအတွက်ကလည်း ၁၀၉,၁၀၂ ဦး ရှိတယ်လို့ Worlometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။