မောင်တောမြို့နယ်၌ ကျပ်သိန်း ၁၃ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးများဖမ်းမိ
DVB
·
March 23, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ ငွေကျပ်သိန်း ၁၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မတ် ၂၁ ရက် မနက် ၁ဝ နာရီ ၄၅ မိနစ် လောက်မှာ သီဟိုဠ်ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဆောင်ရွက်စဉ် မောင်တောမြို့မှ ကျီးကန်းပြင် ကျေးရွာဘက်သို့ ဂျာဆီအာလောမောင်းနှင်ပြီး ဟာမတ်ဟူဆိမ် စီးနင်း လိုက်တဲ့ PROBOX ကားကနေ မူးယစ်ဆေးတွေ ဖမ်းမိတာပါ။
အဆိုပါ ကားပေါ်ကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၂၅ဝ ပြား ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၃ဝဝ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို မောင်တောမြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူနေတယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။