အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အတွင်း အချင်းချင်းသွေးကွဲအောင် ဆောင်ရွက်ခြင်းနဲ့ ညီညွတ်မှု ပြိုကွဲအောင် လုပ်ဆောင်ခြင်း စတာတွေ ကျူးလွန်တာတွေ့ရှိလို့ဆိုပြီး ကယားပြည်နယ်က အန်အယ်လ်ဒီ အဖွဲ့ဝင် ၆ ဦးကို ပါတီက ထုတ်ပယ်လိုက်တယ်လို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက ဒီဗွီဘီ ကို ပြောပါတယ်။
အဲဒီလူတွေကတော့ ကယားပြည်နယ်က ဦးဒယ်နီယယ်၊ ဦးခင်မောင်၊ သားပု (ခေါ်) စိုင်းနိုင်ထွေး၊ ဦးအောင်တင်၊ ဦးညွန့်ရွှေနဲ့ ဦးထွန်းကြည် (ခေါ်) နေကျောက်ခဲ တို့ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကယားပြည်နယ်မှာ အန်အယ်လ်ဒီ ပါတီဝင် စုစုပေါင်း ၅၀၀၀ ၀န်းကျင် ရှိနိုင်ပြီး ဒီနေ့အချိန်ထိ ပါတီဝင်တွေ နုတ်ထွက်တယ်ဆိုတာ ဗဟိုကို ဘာအကြောင်းကြားလာမှုမှ မရှိသေးဘူးလို့ ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။