ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူများကို ထိန်းသိမ်းထားဟုဆို

2.3K
ပဋိပက္ခ အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်တွေမှာ ပါဝင်တယ်လို့ ယူဆရတဲ့ သူတွေကို တာဝန်ရှိသူတွေက ထိန်းသိမ်းထးတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မိတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာ၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနဲ့ ရွှေဒါးသာစည်ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဆူပူအကြမ်းဖက်သူတွေလို့ ယူဆရတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဆူပူအကြမ်းဖက်သူတွေလို့ ယူဆရတဲ့ မိတ္ထီလာမြို့မှာ ၁၃ ဦး၊ လယ်ဝေး ရုံးပင်ရွာ ၅ ဦး၊ ရမည်းသင်း ရွာတန်းကျေးရွာနဲ့ရွှေဒါးသာစည်ကျေးရွာ ၁၇ ဦး၊ စုစုပေါင်း လူ ၃၅ ဦးကို ထိန်းသိမ်းထားကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။