ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား နဲ့ အစိုးရဖွဲ့ အကြီးအကဲတွေ သွားရောက်ပြီး ဒုက္ခသည်စခန်းတွေကို လိုက်လံကြည့်ရှုခဲ့ကြပါတယ်။
မစ္စတာနမ်ဘီးယားနဲ့ အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့မှာ ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဖြစ်တဲ့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၊ သာသနဝေပုလ္လကျောင်း ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေနဲ့ အကြမ်းဖက်မှုကြောင့် ဆေးရုံတက်ကုသနေတဲ့ ဒဏ်ရာရလူနာတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
Read more