DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story နိုင်ငံတကာ သတင်း

ဘန်ကောက်ရှိ ကုန်တိုက်ကြီးများ အပါအဝင် လူစည်ကားရာနေရာများ ယာယီပိတ်

  • By DVB
  • 22 March 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ ကုန်တိုက်ကြီးတွေ အပါအဝင် လူအများ စုဝေးစည်ကားရာ နေရာတွေကို မတ် ၂၂ ရက်နေ့ကစပြီး ဧပြီ ၁၂ ရက်နေ့ထိ ယာယီပိတ်ထားတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဘန်ကောက်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီအစည်းအဝေးကနေ အမျိုးအစားပေါင်း ၁၉ ခုက နေရာတွေကို ယာယီပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဘန်ကောက်မြို့တော်ဝန် နိုင်းအဆတ်ခ်ဝင်း ခွမ်မိုင်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါအမျိုးအစားပေါင်း ၁၉ ခုမှာ အနှိပ်ခန်းတွေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းလေ့ကျင့်တဲ့ နေရာတွေ၊ တိရိစ္ဆာန်အမွေးညှပ် ရေချိုးဆိုင်တွေ၊ အလှပြင်ဆိုင်တွေ၊ အလှအပပြုပြင်ရေး ဆေးခန်းတွေ၊ ဘိုရင်းပစ် ဂိမ်းကစားရာ နေရာတွေ၊ ကွန်ပျူတာဆိုင်တွေ၊ ဂေါက်ကွင်း၊ ရေကူးကန်တွေ၊ ဆေးမင်ကြောင်ထိုးဆိုင်တွေ၊ ကလေးထိန်းကျောင်းတွေ၊ လူအိုများအား အိမ်တိုင်ရာရောက် လိုက်လံပြုစုသည့်ဝန်ဆောင်လုပ်ငန်း၊  ဘုရားပူဇော်တဲ့ နေရာတွေ၊ ကြက်တိုက်ကစားဝိုင်း၊ အစည်းအဝေးနဲ့ ပြခန်းပြုလုပ်နေရာ၊ ကုန်တိုက်ကြီးတွေ၊ (စူပါမားကက် မပါ)၊ စာသင်ကျောင်း၊ ကျူရှင်ခန်းနဲ့ သင်တန်းအမျိုးမျိုး၊ အစိုးရ/ပုဂ္ဂလိက တက္ကသိုလ်ကောလိပ်တွေနဲ့ သက်မွေးဝမ်းကျောင်း စတာတွေ ဖြစ်ပါတယ်။

ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေအနေနဲ့ မိမိလက်အောက်ခံ ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ခွင့်ပြုဖို့၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အလှည့်ကျစနစ်နဲ့ အလုပ်လာလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ 

ဒါ့အပြင် လုပ်သားပြည်သူတွေအနေနဲ့လည်း မလိုအပ်ပါက လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့၊ စားနပ်ရိက္ခာတွေကိုတော့ ဝယ်ယူသိုလှောင်ထားစရာမလိုဘဲ အိမ်အရောက် ပါဆယ်ပို့ပေးတဲ့စနစ် သုံးနိုင်ကြောင်း၊ ရိက္ခာမပြတ်ဖို့ စူပါမားကက်နဲ့ ဆဲဗဲင်းအီလဲဗင်း ကုန်စုံဆိုင်တွေကို ဖွင့်ခွင့်ပြုထားကြောင်း၊ ဒါပေမဲ့  အဆိုပါဆိုင်တွေအနေနဲ့ ရောဂါကင်းဝေးဖို့ သန့်ရှင်းရေးကို အထူးဂရုစိုက်ရမှာဖြစ်ပြီး ဆိုင်အဝင်အထွက်တွေမှာ အယ်လ်ကိုဟောလ်ပါ လက်ဆေးဂျယ်လီရည်တွေ အသင့်ထားပေးရမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောသွားပါတယ်။

Tags: ကိုရိုနာဗိုင်းရပ်စ်ကုန်တိုက်ကြီးများဘန်ကောက်ယာယီပိတ်လူစည်ကားရာနေရာများ

  • Previous story ကွတ်ခိုင် မန်တပ်ရွာတွင် လူ ၂၀ သေဆုံးမှု မဟုတ်မှန်ကြောင်း ကျန်မာရေးတာဝန်ရှိပြော
  • Next story မာတီနက်ဇ် နေရာအတွက် အူဘာမီယန်းနဲ့ ဂျရူးတို့ကို အင်တာမီလန် စိတ်ဝင်စား
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

    • gallery

      မန္တလေးမြို့တွင် သံဃာတော်များ ဆွမ်းခံ ပြန်လည်ကြွရောက် (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 ပင်နယ်တီနှင့်ပတ်သက်ပြီး ဝေဖန်မှုများအပေါ် ဂရုမစိုက်ဟု ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 ပင်နယ်တီနှင့်ပတ်သက်ပြီး ဝေဖန်မှုများအပေါ် ဂရုမစိုက်ဟု ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်
    • 02 ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ သိန်း ၂၀ ကျော်လာ၊ မြန်မာတွင် ၂,၉၀၀ ကျော်ရှိ
    • 03 ဂိုးသွင်းပြီး ထိတွေ့အောင်ပွဲမခံရဆိုတာ လိုက်လုပ်ဖို့ ခက်ခဲပါတယ် – ကလော့ပ်
    • 04 အကြမ်းဖက်မှုများကြောင့် ဗဟိုအာဖရိကသမ္မတနိုင်ငံမှ ထွက်ပြေးသူ ၆၀,၀၀၀ နီးပါးရှိလာ
    • 05 အတွင်းထရံအပြင်မကာမိဖို့ အချုပ်အခြာအာဏာပိုင်ခွင့်ကို အလေးထားစို့ (အယ်ဒီတာ အာဘော်) 
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.